
ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်
ပို့ကုန်ရငွေများကို ဗဟိုဘဏ်သတ်မှတ်ဈေးနှုန်းဖြင့် ကျပ်ငွေလဲလှယ်ရာတွင် ၃၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းလျှော့ချလိုက်ကြောင်း ယမန်နေ့ ဩဂုတ် ၇ ရက်နေ့တွင် စစ်ကောင်စီ၏ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည်။
ပို့ကုန်တင်ပို့သူများသည် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၂၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်သတ်မှတ် ဈေးငွေလဲလှဲနှုန်းထားဖြင့်ဆောင်ရွက်ရမည်ဖြစ်ကာ ယနေ့ ဩဂုတ် ၈ ရက်နေ့မှ စတင်အသက်ဝင်မည်ဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီ၏ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပို့ကုန်ရငွေများကိုသိမ်းပိုက်ရာထားရာမှ ရာခိုင်နှုန်း အဆင့်ဆင့်သတ်မှတ်၍ ပြန်လည်ဖြေလျှော့ပေးလာခြင်းဖြစ်ပြီး ပို့ကုန်လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေ၏ ၇၅ ရာခိုင်နှုန်းကို ကိုယ်တိုင်သုံးစွဲခွင့်ရှိမည်ဖြစ်သည်။
စစ်ကောင်စီသည် ယခင်က ပို့ကုန်ရငွေများ၏ ၆၅ ရာခိုင်းနှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေးနှုန်း အတိုင်းကျပ်ငွေလဲလှယ်ရပြီး ယင်းမှ ၅၀ ရာခိုင်နှုန်း၊ ၃၅ ရာခိုင်းနှုန်နှင့် ယခုထပ်မံ၍ ၂၅ ရာခိုင်နှုန်းလျှော့လာခြင်းဖြစ်သည်။
အဆိုပါ ပို့ကုန်ရငွေပမာဏ၏ ၂၅ ရာခိုင်နှုန်းကို အလုပ်လုပ်ရက် တစ်ရက်အတွင်း သက်ဆိုင်ရာ AD လိုင်စင်ရဘဏ်တွင် ဗဟိုဘဏ်သတ်မှတ် ငွေလဲလှယ်နှုန်းအတိုင်း ကျပ်ငွေ လဲလှယ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – MOI
#ပို့ကုန်ရငွေလျော့ချ #၂၅ရာခိုင်နှုန်း #ဗဟိုဘဏ် #Ayeyarwaddy_Times