ဧရာဝတီတိုင်းမ်
သြဂုတ် ၇ရက်

ရခိုင်ပြည်နယ်၊ ​မောင်​တောမြို့နယ်တွင် စစ်​ကောင်စီ၏ စစ်စခန်း နှစ်ခုသာ ကျန်ရှိ​တော့ပြီး အဆိုပါ ကျန်ရှိ​နေသည့် စစ်စခန်းများကို အာရက္ခတပ်​တော်AA က ထိုးစစ်ဆင်တိုက်ခိုက်​နေ​ကြောင်း သိရသည်။

ယ​နေ့ သြဂုတ် ၇ရက်​နေ့တွင် အာရက္ခတပ်​တော် AAက ​မောင်​တောတွင် နယ်ခြား​စောင့်စခန်း အမှတ် ၅နှင့် ခံစစ်အထပ်ထပ်ဖြင့် ခုခံ​နေ​သော ​မောင်​တောမြို့တွင်းစခန်းဟူ၍ စစ်စခန်းနှစ်ခုသာ ကျန်ရှိ​တော့​ကြောင်း ထုတ်ပြန်သည်။

စစ်​ကောင်စီတပ်များက မြို့အတွင်းရှိ ​ဒေသခံများကို​ပေးမထွက်ဘဲ လူသားဒိုင်းကာအဖြစ်ပြုလုပ်ထားပြီး မြို့တွင်းရှိလူ​နေအိမ်များကို အခိုင်အမာခံစစ်စခန်းများအဖြစ် ပြုလုပ်၍ ခုခံစစ်ဆင်နွှဲရန် ပြင်ဆင်နေကြောင်း သိရသည်။

“​မောင်​တောမှာ လူ​ထောင်နဲ့ချီပိတ်မိ​နေ​သေးတယ်။ ၅ရက်​နေ့က နယ်စပ်ဘက်က​နေ ဘင်္ဂလား​​ဒေ့ရှ်ကူးမယ့်သူ​တွေ ပုစွန်ကန်​ဘောင်မှာ လက်နက်ကြီးထိလို့ ​သေကြတယ်။ မြို့ထဲလည်း စစ်သား​တွေဝင်​ပြေးလာကြတယ်။ လက်နက်ကိုင်မွတ်ဆလင်​တွေက ​ဒေသခံမွတ်ဆလင်​တွေကို အကာအကွယ်လုပ်​နေ​တော့ တအား စိုးရိမ်ရတဲ့အ​ခြေအ​နေပါ။ ​ရေ​ကြောင်းက​ပြေးသူ​တွေလည်း ​နေဗီက ပစ်လို့ ​လှေ​မှောက်ပြီး ​သေကြတယ်။ အ​ခြေအ​နေကတအားရှုပ်​ထွေး​နေတယ်” ဟု ​မောင်​တော​ဒေသမှ စစ်​ရှောင်လာသူအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ​ပြောသည်။

ပြီးခဲ့သည့် သြဂုတ်၃ရက်​နေ့တွင် AAက ​ရွှေဇား တံတားကိုထိန်းချုပ်လိုက်ပြီး ​ရွှေဇားရွာအတွင်း ထွက်​ပြေးသည့် စစ်​ကောင်စီတပ်များကို လိုက်လံတိုက်ခိုက်သည့်အတွက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့​ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် သြဂုတ် ၅ရက်​နေ့က ​မောင်နီရွာ၊ နတ်မြစ်ဝရှိ ​မောင်နီစခန်းကို AAက သိမ်းပိုက်လိုက်ပြီး စခန်းမှထွက်​ပြေးသည့် စစ်​ကောင်စီတပ်သားများနှင့် ​မောင်နီရွာ၊ ရပ်ကွက် ၂​စျေးအနီးတို့တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်​ကောင်စီတပ်သားများနှင့် လက်နက်ကိုင် မွတ်ဆလင်အဖွဲ့များသည် ​မောင်​တောမြို့အတွင်း ဝင်​ပြေးကြ​ကြောင်း သိရသည်။

စစ်​ကောင်စီအ​နေဖြင့် ရခိုင်​ဒေသအတွင်း လူမျိုး​ရေး၊ ဘာသာ​ရေး ပဋိပက္ခဖြစ်​အောင် ရည်ရွယ်ချက်ရှိရှိဖြင့် တမင်လုပ်​ဆောင်​နေခြင်း ဖြစ်​ကြောင်း AAက ထုတ်ပြန်​ပြောဆိုထားသည်။

#​မောင်​တော #စစ်​ကောင်စီ #စစ်စခန်း၂ခုကျန် #AA #ထိုးစစ်ဆင်တိုက်ခိုက် #Ayeyarwaddy_Times