
ဓာတ်ပုံ-ပုံဟောင်း
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၁ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် နှင့် ပုလဲမြို့နယ်အကြား ကို စစ်ကောင်စီ သတင်းပေး (ဒလန်) တစ်ဦးရဲ့ သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်တွေက လေယာဥ် ၆ စီးနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်နေပြီး PDF တပ်ဖွဲ့ဝင်အချို့နဲ့ ဒေသခံပြည်သူတွေ ပိတ်မိနေတယ်လို့ PDF တပ်ဖွဲ့ဝင်တဦးထံက သိရပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ဟာ ဒီကနေ့ သြဂုတ်လ ၁၁ ရက် ညနေ ၃ နာရီဝန်းကျင်ကနေ လက်ရှိအချိန် ၅ နာရီ ၄၀ မိနစ်ဝန်းကျင်အထိ သာလွန်အင်အားအသုံးပြုကာ လေကြောင်းပစ်ကူနဲ့ပါတိုက်ခိုက်နေတာလို့ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“လေယာဥ်နဲ့လာပစ်တာ အင်အားအရမ်းသုံးလာတယ်။ စစ်တပ်ကကျွန်တော်တို့သိရတာ စစ်တပ်သတင်းကြောင့်လို့ သိရတယ်။ ထိုးဖောက်ဖို့တော့ လက်ရှိကြိုးစားနေဆဲပါပဲ။ ပြည်သူတွေလဲပါတယ်။ အဓိက လက်နက်အင်အားမမျှတတာတွေလဲ ပါတာပေါ့ဗျာ” လို့ စစ်ကိုင်းတိုင်းအခြေစိုက် PDF တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတိုင်းမ်ကိုပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား မေလအတွင်းကနေစတင်ပြီး ယနေ့အချိန်အထိ တိုက်ပွဲများ နေ့စဥ်ဆိုသလိုဖြစ်ပွားနေပြီး ဒီကနေ့ သြဂုတ်လ ၁၁ ရက်နေ့မှာ စစ်ကောင်စီတပ်က အင်အားသုံးပြီး လေယာဥ် ၆ စီးနဲ့ပါ လာရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။