ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၁ ရက်

ဧရာဝတီတိုင်းဒေသကြီးစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်းပြီးပြီလို့ ဩဂုတ်လ ၁၁ ရက်နေ့က အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဧရာဝတီတိုင်းမှာ အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို ထိရောက်စွဲခုခံတွန်းလှန်နိုင်ဖို့အတွက် ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဧရာဝတီတိုင်းစစ်ဒေသခွဲကွယ်ကဲရေးအဖွဲ့ကို ဇူလိုင်လထဲမှာ ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။

“ ဟုတ်ကဲ့ ၊ မြို့နယ် ပကဖ များ ၊PDF ၊ STF ၊ LDF များနဲ့ ယခင်ထဲက ချိတ်ဆက် ဆောင်ရွက်နေပြီး သားဖြစ်ပါတယ် ။ အနည်းငယ် ကျန်ရှိနေသေးသော အဖွဲ့များနဲ့လည်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ဧရာဝတီတိုင်းစစ်ဒေသခွဲကွယ်ကဲရေးအဖွဲ့က တာဝန်ရှိသူ တဦးက ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းက မြို့နယ်အလိုက်မှာရှိတဲ့ ပြည်သူ့ကွယ်ကာကွယ်ရေးတပ်ဖွဲ့(ပကခ)တွေ၊ STF၊ UG၊ LDF စတဲ့အဖွဲ့တွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး စစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းမျဉ်းတွေနဲ့အညီ လိုက်နာဆောင်ရွက် ပြီး ထိရောက်တဲ့စစ်ရေးစီမံချက်တွေကို ဖော်ဆောင်နိုင်ဖို့ ကြိုးစားလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လပိုင်းထဲမှာလည်း ဧရာဝတီတိုင်းစစ်ဒေသကွပ်ကွဲရေးအဖွဲ့ရဲ့ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် စစ်ဆင်ရေးဆောင်ရွက်တာတွေလုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။