ဧရာဝတီတိုင်းမ်
သြဂုတ် ၆ ရက်
အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ လူအများအပြား သေဆုံးပြီးနောက် ဝန်ကြီးချုပ် ရှိတ်ခ်ဟာ စီနာဟာ တိုင်းပြည်ပြင်ပကို ထွက်ပြေးသွားပြီလို့ ဘင်္ဂလားဒေ့ရှ်မီဒီယာတွေက ဖော်ပြပါတယ်။
တနင်္ဂနွေနေ့က ဆန္ဒပြပွဲတွေမှာ လူ ၉၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသန္တရမီဒီယာတွေက ဖော်ပြ ပါတယ်။
ပြည်သူ့ဝန်ထမ်း အလုပ်အကိုင်နေရာတွေအတွက် စံသတ်မှတ်ချက်ကို ပြန်လည်ကျင့်သုံးဖို့ စီစဉ် ထားကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောကြားပြီးနောက် ရှိတ်ခ်ဟာစီနာ နှုတ်ထွက်ပေးဖို့ ဆန္ဒပြသူ တွေက တောင်းဆိုခဲ့ပါတယ်။
ဇွန်လအတွင်း တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကြောင့် ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်ခဲ့ရပါ တယ်။ ၁၉၇၁ ခုနှစ်က ပါကစ္စတန်ထံမှ လွတ်လပ်ရေး တိုက်ယူခဲ့သူတွေရဲ့ မိသားစုတွေအတွက် အလုပ် အကိုင်နေရာတွေ သတ်မှတ်ထားတဲ့စနစ်ကို တရားရုံးက ပြန်အသက်သွင်းခဲ့ပါတယ်။
ကျောင်းသူ/ကျောင်းသားတွေဟာ ပြီးခဲ့တဲ့လက ဆန္ဒပြပွဲတွေပြုလုပ်ခဲ့ပြီး လွတ်လပ်ရေးကြိုးပမ်း ခဲ့သူတွေရဲ့ မိသားစုဝင်တွေကို ဦးစားပေးပြီး အလုပ်ခန့်တဲ့စနစ်ကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်း ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေအတွင်း လူ ၂၀၀ ဉီးထက်မနည်း သေဆုံးခဲ့ပြီး အာဏာပိုင်တွေဟာ လူအုပ်စုတွေကို မျက်ရည်ယိုဗုံးတွေ၊ ရော်ဘာကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါ တယ်။
အတိုက်အခံပါတီ ထောက်ခံသူတွေက ဆန္ဒပြသူတွေနဲ့ ပူးပေါင်းခဲ့ပြီး အာဏာရပါတီ ထောက်ခံ သူတွေက ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။
ဆန္ဒပြသူတွေက ရှိတ်ခ်ဟာစီနာကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ပြီး ရဲတပ်ဖွဲ့ဟာ အင်အား အ လွန်အကျွံ အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်စစ်တပ် အကြီးအကဲ ဝါကာအူဇာမန်က တာဝန်အပြည့်အဝယူကြောင်း သြဂုတ်လ ၅ ရက်က ပြောကြားခဲ့ပြီး စစ်တပ်က ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းမယ်လို့ ဆိုပါတယ်။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဒုက္ခသုတ်ခပေါင်းစုံ ကြုံတွေ့ခဲ့ပြီး စီးပွားရေး ထိခိုက်ခဲ့ကာ ပြည်သူများ စွာ သတ်ဖြတ်ခံခဲ့ရလို့ အကြမ်းဖက်မှု ရပ်တန့်ဖို့ အချိန်ကျပါပြီ” လို့ ၎င်းက ပြောပါတယ်။
ကိုးကား – NHK/Straits Times
Ref; Reports: Bangladesh PM Hasina flees country
#Ayeyarwaddy_Times