ဧရာဝတီတိုင်းမ်
သြဂုတ် ၅ ရက်

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာဟာ တင်းမာမှုတွေ မြင့်တက်နေစဉ် စနေနေ့ညပိုင်းက တက္ကသိုလ်များမှ ဒုတိယပါမေက္ခချုပ်တွေ၊ ကောလိပ်ကျောင်းအုပ်တွေနဲ့ အရေးပေါ် အစည်းအဝေးတစ် ရပ် ပြုလုပ်ခဲ့ပါတယ်။

ကျောင်းသားခေါင်းဆောင်တွေက အစိုးရနဲ့ ဆွေးနွေးမှုတွေကိုတက်ရောက်ဖို့ ငြင်းဆန်ခဲ့ပြီး အစိုး ရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း လူ ၂၀၀ ကျော် သေဆုံးမှုကြောင့် ရှိတ်ခ်ဟာစီနာကို ရာထူးမှနှုတ် ထွက်ဖို့ တောင်းဆိုခဲ့ပါတယ်။

ထောင်ပေါင်းများစွာသော ကျောင်းသူ/ကျောင်းသားတွေ၊ မိဘတွေနဲ့ သာမန်ပြည်သူတွေဟာ အ စိုးရ အလုပ်အကိုင်ခန့်အပ်မှုနဲ့ပတ်သက်လို့ အကြမ်းဖက်နှိမ်နင်းမှုနဲ့ အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုအ ပေါ် လူထုဆန္ဒပြပွဲမှာ ပူးပေါင်းခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ အစိုးရဆန့်ကျင်ရေး သံပြိုင်ဟစ်ကြွေးခဲ့ပြီး ရှိတ်ခ်ဟာစီနာကို ရာထူးမှနှုတ် ထွက်ပေးဖို့ တောင်းဆိုခဲ့ကာ ဆန္ဒပြပွဲတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်း ပျံ့နှံ့သွားခဲ့ပါတယ်။

တနင်္ဂနွေနေ့မှစပြီး တစ်နိုင်ငံလုံးအတိုင်းအတာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပူးပေါင်းကြဖို့ ဆန္ဒပြခေါင်းဆောင်တွေက တောင်းဆိုခဲ့ပြီး ပြည်သူ့ဝန်ထမ်းတွေနဲ့ တရားဉပ ဒေစိုးမိုးရေး တာဝန်ရှိသူတွေက အစိုးရဆန့်ကျင်ရေးမှာပါဝင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

“ဖက်ဆစ်အစိုးရ ဖျက်သိမ်းကြောင်း ကျွန်တော်တို့ ကြေညာပါတယ်။ ဒါဟာ ကျောင်းသားတွေရဲ့ အရေးတော်ပုံဖြစ်ပါတယ်။ ဖိနှိပ်အုပ်ချုပ်တဲ့စနစ် ဘယ်တော့မှပြန်မလာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကျွန် တော်တို့ တည်ဆောက်လိုပါတယ်။ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော တောင်းဆိုချက်က ရှိတ်ခ်ဟာစီနာ အပါအဝင် အစိုးရအဖွဲ့ နှုတ်ထွက်ဖို့နဲ့ ဖက်ဆစ်ဝါဒ အဆုံးသတ်ဖြစ်ပါတယ်” လို့ ဆန္ဒပြခေါင်းဆောင် တစ်ဉီးဖြစ်သူ နာဟစ်အစ္စလာမ်က ပြောပါတယ်။

ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာက သောကြာနေ့မှာ ဆွေးနွေးမှုတွေပြုလုပ်ရေး တွေ့ဆုံဖို့ ဆန္ဒပြ ကျောင်းသားခေါင်းဆောင်တွေကို ဖိတ်ကြားခဲ့ပါတယ်။

အစိုးရနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ အစီအစဉ်မရှိဘဲ ပြည်သူတွေ လမ်းပေါ်ထွက်ဆန္ဒပြဖို့နဲ့ CDM မှာ ပါဝင်ကြဖို့ ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေး ကျောင်းသားလှုပ်ရှားမှုအဖွဲ့မှ ညှိနှိုင်းရေးမှူးတွေက တောင်းဆိုခဲ့ပါတယ်။

Northwestern Rangpur တက္ကသိုလ်မှ ဆန္ဒပြကျောင်းသူ/ကျောင်းသားတွေကို ပစ်ခတ်ခဲ့လို့ ဒုတိ ယနှစ်ကျောင်းသား အဘူဆေယက် သေဆုံးမှုကြောင့် ရဲအရာရှိနှစ်ဉီးကို ရာထူးမှထုတ်ပယ်ခဲ့ပါတယ်။

ကိုးကား – Outlook India
Ref; Student Leaders Call For Civil Disobedience, PM Hasina Holds Emergency Talks

#Ayeyarwaddy_Times