ဧရာဝတီတိုင်းမ်
သြဂုတ် ၅ ရက်

အမေရိကန်ထုတ် F-16 ဂျက်တိုက်လေယာဉ်တွေ ယူကရိန်းသို့ ရောက်ရှိလာပြီဖြစ်လို့ ရုရှားကျူး ကျော်စစ်ကို ခုခံနေတဲ့ ယူကရိန်းစစ်တပ်ရဲ့စွမ်းရည်ကို မြှင့်တင်ပေးဖို့ မျှော်လင့်တယ်လို့ သမ္မတ ဇီလန်စ ကီးက ပြောပါတယ်။

F-16 ဂျက်တိုက်လေယာဉ်တွေ ယူကရိန်းသို့ ရောက်ရှိလာပြီလို့ ဇီလန်စကီးက တနင်္ဂနွေနေ့မှာ လူမှုကွန်ရက်၌ ကြေညာခဲ့ပါတယ်။

“F-16 ဂျက်တိုက်လေယာဉ်တွေ ယူကရိန်းသို့ ရောက်ရှိလာဖို့ ကူညီခဲ့သူအားလုံးကို ဂုဏ်ယူပါ တယ်။ ဒီဂျက်တိုက်လေယာဉ်တွေကြောင့် အောင်ပွဲ ဆောင်ကြဉ်းပေးပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။

ယူကရိန်းဟာ လေကြောင်းရန်ကာကွယ်ရေး စွမ်းပကားတွေမှာ ရုရှားနိုင်ငံရဲ့နောက်မှာ ကျန်ရစ် နေတယ်လို့ ဆိုပါတယ်။

ပထမအသုတ် F-16 ဂျက်တိုက်လေယာဉ်တွေ ဇူလိုင်လကုန်မှာ ယူကရိန်းနိုင်ငံသို့ ရောက်ရှိလာခဲ့ တယ်လို့ ဗြိတိန်စီးပွားရေးမဂ္ဂဇင်း The Economist က တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့ပါတယ်။

F-16 ဂျက်တိုက်လေယာဉ်တွေဟာ နေတိုးအဖွဲ့ရဲ့ နည်းဗျူဟာဆိုင်ရာ အချက်အလက်ချိတ်ဆက် မှုဖြစ်တဲ့ Link-16 ကိရိယာတွေ တပ်ဆင်ထားပါတယ်။

ယူကရိန်းသို့ ရောက်ရှိလာတဲ့ F-16 ဂျက်တိုက်လေယာဉ်တွေက အရေအတွက်နည်းပါးပေမယ့် ယူကရိန်းစစ်သည်တွေရဲ့စိတ်ဓာတ်ကို ချက်ချင်း မြှင့်တင်ပေးမယ်လို့ ဆိုပါတယ်။

F-16 ဂျက်တိုက်လေယာဉ်တွေကို လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ ပေါင်းစည်းတာဟာ ယူ ကရိန်းနိုင်ငံအတွက် အချိန်ကြာမြင့်မယ်လို့ ကျွမ်းကျင်သူတစ်ဉီးက ပြောပါတယ်။

ကိုးကား – NHK
Ref; Ukraine’s Zelenskyy announces arrival of US-made F-16 fighter jets

#Ayeyarwaddy_Times