ဧရာဝတီတိုင်းမ်
သြဂုတ် ၅ ရက်
အစ္စရေးနိုင်ငံအပေါ် အီရန်ရဲ့တိုက်ခိုက်မှုက လာမယ့် ၂၄ နာရီ သို့မဟုတ် ၄၈ နာရီအတွင်း ဖြစ် လာနိုင်တယ်လို့ ဝါရှင်တန်က ယူဆကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က G7 အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကို ပြောပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ အရှိန်လျှော့ဖို့နဲ့ စစ်ပွဲမဖြစ်ရေး တားဆီးဖို့ အမေရိ ကန်နိုင်ငံက ကြိုးပမ်းနေစဉ် အန်တိုနီဘလင်ကန်က G7 အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ပြောဆိုခဲ့တာ ပါ။
ပြီးခဲ့တဲ့အပတ်အတွင်း ဟစ်ဇ်ဘိုလာနဲ့ ဟားမာစ်အဖွဲ့တွေရဲ့ ထိပ်တန်းခေါင်းဆောင်တွေ သတ် ဖြတ်ခံရပြီးနောက် အီရန်နိုင်ငံရဲ့ တိုက်ခိုက်မှုက မြေကြီးလက်ခတ်မလွဲဖြစ်လာမယ်လို့ အမေရိကန်နိုင်ငံ က ယူဆပါတယ်။
တိုက်ခိုက်မှုကိုကန့်သတ်ဖို့ အီရန်နိုင်ငံအပေါ် ဖိအားပေးမှုက ဒေသတွင်းမှာ စစ်ပွဲကို ရှောင်ရှားဖို့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ အန်တိုနီဘလင်ကန်က G7 အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကို ပြော ပါတယ်။
အီရန်နိုင်ငံက အစ္စရေးအပေါ် ဘယ်အချိန် တိုက်ခိုက်မယ်ဆိုတာကို အတိအကျ မသိပေပေမယ့် တနင်္လာနေ့နောက်ပိုင်း စတင်နိုင်တယ်လို့ ယူဆကြောင်း ၎င်းက ဆိုပါတယ်။
အရှေ့အလယ်ပိုင်းဒေသတွင်း အခြေအနေကို ဆွေးနွေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယ နေ့ အမျိုးသားလုံခြုံရေးအဖွဲ့နဲ့ အစည်းအဝေးကျင်းပမယ်လို့ သိရပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင်က ဂျော်ဒန်ဘုရင် အဗ္ဗဒူလာနဲ့လည်း ဖုန်းနဲ့ ဆွေးနွေးမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
ကိုးကား – The Times of Israel
Ref; Blinken said to tell US allies that Iran could attack Israel within next 24 to 48 hours
#Ayeyarwaddy_Times