ဧရာဝတီတိုင်းမ်
ဩဂုတ် ၅ ရက်

ဘင်္ဂလားဒေရှ့်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် ယနေ့ ဩဂုတ် ၅ ရက်နေ့တွင် ရာထူးမှ နုတ်ထွက် ကာ ၎င်း၏ အစ်မဖြစ်သူနှင့်အတူ အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွား ကြောင်းသိရသည်။

ယခုအခါ ဝန်ကြီးချုပ်ရှိတ်ဟာဆီနာလိုက်ပါလာသည့် ရဟတ်ယာဉ်မှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အနီးရှိ Hindon လေတပ်အတွင်း ဆင်းသက်ခဲ့ပြီဖြစ်ကြောင်း အိန္ဒိယဒေသတွင်း သတင်းဌာနများက ဖော်ပြထားသည်။

ဝန်ကြီးချုပ်ရှိတ်ဟာဆီနာသည် နိုင်ငံတစ်ဝန်းဖြစ်ပွားနေသော ဆန့်ကျင်ဆန္ဒပြမှုများကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း ဆန္ဒပြမှုဖြစ်စဉ်များအတွင်း ဘင်္ဂလားဒေရှ့်နိုင်ငံသား ၃၀၀ ကျော် သေဆုံးခဲ့ရပြီး နောက်ယခုကဲ့သို့ နှုတ်ထွက်ခဲ့ခြင်း‌ဖြစ် ကြောင်း အယ်ဂျာဇီးယား သတင်းဌာနက ဖော်ပြထားသည်။

ရှိတ်ဟာဆီနာ နှုတ်ထွက်သွားပြီးနောက် ဘင်္ဂလားဒေရှ့်နိုင်ငံအတွက် ကြားကာလအစိုးရတစ်ရပ်ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း စစ်တပ်အကြီးအကဲဖြစ်သူ Waker-Uz-Zaman ကပြောဆိုခဲ့သည်။

ထို့ပြင် ဆန္ဒပြသူများကို နှိမ်နင်းရန် ရဲများကို အသုံးပြုခဲ့ သော်လည်း ဘင်္ဂလားဒေရှ့်စစ်တပ်အကြီးအကဲ ဖြစ်သူ Waker-Uz-Zaman ကမူ ဘင်္ဂလားဒေရှ့် စစ်တပ်ဟာ ပြည်သူတွေယုံကြည်မှုရဲ့ သင်္ကေတတစ်ခု ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဝန်ကြီးချုပ် ထွက်ပြေးသွားပြီးနောက် ဆန္ဒပြသူအများအပြားမှာ မြို့တော်ဒါကာရှိလမ်းများပေါ်တွင် အောင်ပွဲခံ နေကြကြောင်း သိရသည်။

ဆန္ဒပြပွဲများ၏ အကြောင်းအရင်းသည် ဘင်္ဂလားဒေ့ရှ်ရှိ အစိုးရအလုပ်များတွင် လွတ်လပ်ရေး စစ်ပြန် များ၏ ဆွေစဉ်မျိုးဆက်များမှ လက်ဝါးကြီးအုပ်ထားသည့်စနစ်ကို မကျေနပ်၍ ကျောင်းသားများမှ ဦးဆောင်ကာ အဆိုပါ စနစ်ကို ပြင်ဆင်ပေးရန် တောင်းဆိုဆန္ဒပြရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ရှိတ်ဟာစီနာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆယ်စုနှစ် နှစ်ခုကြာအုပ် ချုပ်ခဲ့သူတစ်ဦးဖြစ်ပြီး ၎င်း၏ဖခင်မှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေး ခေါင်းဆာင်တစ်ဦးဖြစ်ကာ နိုင်ငံ၏ ပထမဆုံးသမ္မတဖြစ်ကြောင်း သိရသည်။

ကိုးကား – Al Jazeera
ဓာတ်ပုံ – အင်တာနက်
#ဘင်္ဂလားဒေရှ့် #ဝန်ကြီးချုပ် #ထွက်ပြေး #အန္ဒိယ #ကျောင်းသား #ဆန္ဒပြ #Ayeyarwaddy_Times