ဧရာဝတီတိုင်းမ်
သြဂုတ် ၄ ရက်

မိဘတွေရဲ့ ခွင့်ပြုချက်မပါဘဲ ကလေးငယ်တွေထံမှ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ ရယူမှုကြောင့် အမေရိကန်၊ တရားရေးဝန်ကြီးဌာနက တရုတ်အပလီကေးရှင် TikTok ကို တရားစွဲဆိုလိုက်ပါတယ်။

ဗွီဒီယိုမျှဝေတဲ့ အပလီကေးရှင်း TikTok နဲ့ တရုတ်မိခင်ကုမ္ပဏီ ByteDance တို့ကို ကယ်လီဖိုးနီး ယားပြည်နယ်က ဖက်ဒရယ်တရားရုံးတစ်ခုမှာ တရားစွဲဆိုခဲ့တယ်လို့ တရားရေးဝန်ကြီးဌာနက သြဂုတ်လ ၂ ရက်မှာ ကြေညာခဲ့ပါတယ်။

ဖက်ဒရယ်ဉပဒေက မိဘတွေရဲ့ ခွင့်ပြုချက်မပါဘဲ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေထံမှ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ရယူပြီး အသုံးမပြုအောင် ဝဘ်ဆိုဒ်တွေကို ပိတ်ပင်ထားတယ်လို့ တိုင် ကြားချက်က ဖော်ပြပါတယ်။

TikTok ဟာ ကလေးငယ်တွေ ဖန်တီးထားတဲ့ အကောင့်တွေကနေ အီးမေးလ်လိပ်စာတွေနဲ့ အ ခြား ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ရယူပြီး ထိန်းသိမ်းခဲ့တယ်လို့ တိုင်ကြားချက်က ဆိုပါတယ်။

မိဘတွေက ၎င်းတို့သားသမီးတွေရဲ့ TikTok အကောင့်တွေနဲ့ အချက်အလက်တွေ ဖျက်ပစ်ဖို့ တောင်းဆိုပေမယ့် တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ တရားရေးဝန်ကြီးဌာန က ပြောပါတယ်။

တရားစွဲဆိုမှုနဲ့ပတ်သက်လို့ TikTok က ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ဖြစ်စဉ်နဲ့ပတ် သက်တဲ့ စွပ်စွဲချက်တွေဟာ တိကျမှုမရှိ သို့မဟုတ် ဖြေရှင်းပြီးပြီလို့ ပြောပါတယ်။

TikTok က ကလေးသူငယ်တွေကို ကာကွယ်ပေးမှု တိုးတက်စေမယ့် ကြိုးပမ်းမှုတွေ ဆက်လက် ပြုလုပ်မယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

TikTok က အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ပြီး တရုတ်နိုင်ငံသို့ အ ချက်အလက်တွေ ပေါက်ကြားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ အမေရိကန်နိုင်ငံမှာ ဖြစ်ပွားနေပါတယ်။

TikTok ကိုပိတ်ပင်မယ့် အစီအမံတွေပါဝင်သော ဉပဒေတစ်ရပ်ကို အမေရိကန်သမ္မတက ဧပြီလ အတွင်း လက်မှတ်ရေးထိုးခဲ့ပါတယ်။

TikTok ကလည်း အမေရိကန်အစိုးရကို တရားစွဲဆိုကာ အဆိုပါဉပဒေဟာ အမေရိကန် ဖွဲ့စည်း ပုံအခြေခံဉပဒေပါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တာလို့ ပြောပါတယ်။

ကိုးကား – NHK
Ref; US government sues TikTok for alleged privacy violations of children

#Ayeyarwaddy_Times