ဧရာဝတီတိုင်းမ်
သြဂုတ် ၄ ရက်

သိမ်းပိုက်ခံ ခရိုင်းမီးယားကျွန်းဆွယ်က ပင်လယ်နက်ဆိပ်ကမ်းမြို့ ဆီဗက်စတိုပိုလ်မြို့ကို တိုက် ခိုက်မှုတစ်ရပ် ပြုလုပ်ခဲ့ရာ ရုရှားရေငုပ်သင်္ဘောတစ်စင်း နစ်မြှုပ်သွားခဲ့တယ်လို့ ယူကရိန်းစစ်တပ်က သြ ဂုတ်လ ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။

ကာလီဘာဒုံးကျည်တွေ ပစ်ခတ်နိုင်သော ကီလိုအတန်းအစား ရုရှားရေငုပ်သင်္ဘော ၄ စင်းအနက် တစ်စင်းအဖြစ် နေတိုးအဖွဲ့က သတ်မှတ်ထားတဲ့ Rostov-On-Don ရေငုပ်သင်္ဘောကို အောင်မြင်စွာ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းစစ်ဉီးစီးချုပ်ရုံးက လူမှုကွန်ရက်မှာ ကြေညာခဲ့ပါတယ်။

ယူကရိန်းဒုံးကျည်နဲ့ ရေတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် အဆိုပါရုရှားရေငုပ်သင်္ဘောဟာ တိုက်ခိုက် ခံရတဲ့နေရာမှာပင် နစ်မြှပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းကလည်း ဒုံးကျည်တိုက်ခိုက်မှုကြောင့် အလားတူ ဒီဇယ်စွမ်း အင်သုံးရေငုပ်သင်္ဘော ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။

“ပင်လယ်နက်ရဲ့ ယူကရိန်းရေပိုင်နက်အတွင်းရှိ ရုရှားရေယာဉ်စုအတွက် အန္တရာယ်ကင်းတဲ့နေ ရာ မရှိဘူးဆိုတာ Rostov-On-Don ရေငုပ်သင်္ဘော တိုက်ခိုက်ခံရမှုက သက်သေပြတယ်” လို့ ယူကရိန်း စစ်တပ်က ဆိုပါတယ်။

ဆီဗက်စတိုပိုလ်မြို့ရှိ S-400 လေကြောင်းရန်ကာကွယ်ရေးစခန်းတစ်ခုကို ဒုံးကျည်တွေနဲ့ တိုက် ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှု ကြီးမားခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။

ခရိုင်းမီးယားနဲ့ ရုရှားအာဏာပိုင်တွေနဲ့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနတို့က စနေနေ့ညပိုင်းမှာ ရေငုပ်သင်္ဘော တိုက်ခိုက်ခံခဲ့ရတာကို မဝန်ခံခဲ့ပါဘူး။

ယူကရိန်းရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ရုရှားခန့်အပ် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး မိုင်ခေးလိုရာဗိုဇီယက်ဗ်က ပြောပါတယ်။

ကိုးကား – UPI
Ref; Ukrainian military claims to sink Russian submarine in Crimea

#Ayeyarwaddy_Times