ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၁ ရက်

ထိုင်ဝမ်ရဲ့ ခွဲထွက်ရေးလှုပ်ရှားမှုတွေကို လုံးဝ သည်းညည်းခံမှာမဟုတ်ဖူးလို့ တရုတ်နိုင်ငံက ကတိပြုလုပ် ပြီး လိုအပ်ရင် ထိုင်ဝမ်ကျွန်းကို အင်အားသုံး သိမ်းပိုက်မယ်လို့ ထပ်လောင်းပြောကြားလိုက်ပါတယ်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ ခရီးစဉ်ကြောင့် တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းဝန်း ကျင်မှာ မကြုံစဖူး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပြီး ရက်အနည်းငယ်အကြာမှာ တရုတ်နိုင်ငံက အခုလို သတိပေး လိုက်တာဖြစ်ပါတယ်။

ထိုင်ဝမ်ကို ကမ္ဘာ့စင်မြင့်မှာ အထီးကျန်ဆန်အောင် ပြုလုပ်နေတဲ့ တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေရှိလင့် ကစား နန်စီပလိုစီဟာ ဆယ်စုနှစ်များစွာအတွင်း ထိုင်ဝမ်ကို သွားရောက်လည်ပတ်တဲ့ အဆင့်မြင့်ဆုံး အမေရိကန် တာဝန်ရှိသူတစ်ဦး ဖြစ်လာခဲ့တယ်။

တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်ရေးရာရုံးက စီးပွားရေးမက်လုံးတွေ၊ စစ်ရေးဖိအားတွေနဲ့ ထိုင်ဝမ်ကို သိမ်းပိုက်ဖို့ ရည်ရွယ်ထားတဲ့ စက္ကူဖြူကြေညာချက်တစ်စောင် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

“ငြိမ်းချမ်းသော ပြန်လည်ပေါင်းစည်းရေးကိုဖန်တီးဖို့ အဆင်သင့်ဖြစ်နေပေမယ့် ဘယ်လို ခွဲထွက်ရေးလှုပ် ရှားမှုမျိုးကိုမဆို သည်းညည်းခံမှာမဟုတ်ဖူး” လို့ စက္ကူဖြူကြေညာချက်က ဖော်ပြပါတယ်။

တရုတ်နိုင်ငံက အင်အားသုံးတာကို စွန့်လွှတ်မှာမဟုတ်သလို လိုအပ်တဲ့ အစီအမံတွေအားလုံး လုပ် ဆောင်မှာဖြစ်ပါတယ်လို့ စက္ကူဖြူကြေညာချက်က ဆိုပါတယ်။

ထိုင်ဝမ်ထိပ်တန်း နိုင်ငံရေးသမားတစ်ဦး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့အတူ တရုတ်နိုင်ငံကို သွားရောက် တဲ့နေ့မှာ စက္ကူဖြူကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံနဲ့ သဟဇာတဖြစ်တဲ့ ကူမင်တန်ပါတီ ဒုတိယဥက္ကဌ အန်ဒရူးရှားက တရုတ်နိုင်ငံကို သွား ရောက်ခဲ့တာကြောင့် ထိုင်ဝမ်ရေလက်ကြားတစ်လျောက် တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေချိန်မှာ အဲဒီလိုသွားရောက်တဲ့အတွက် သမ္မတ ဆိုင်အင်ဝမ်ရဲ့ပါတီက ဝေဖန်ခဲ့ပါတယ်။

ကိုးကား – AFP
Ref; China releases white paper on Taiwan, warns it will not tolerate ‘separatists’