ဧရာဝတီတိုင်းမ်
သြဂုတ် ၂ ရက်

ပထမအသုတ် F-16 ဂျက်တိုက်လေယာဉ်တွေ ယူကရိန်းနိုင်ငံမှာ ရောက်ရှိလာခဲ့ပြီလို့ လစ်သူ ယေးနီးယား နိုင်ငံခြားရေးဝန်ကြီး ဂါဘရီယယ်လီးယပ်စ်လန်စဘာဂတ်စ်က ကြေညာပါတယ်။

F-16 ဂျက်တိုက်လေယာဉ်တွေ ပေးပို့တာဟာ ယိုယွင်းနေတဲ့ ယူကရိန်းလေတပ်ကို ပြန်လည် တည်ဆောက်မယ့် ကြိုးပမ်းမှုတစ်ခုလို့ သိရပါတယ်။

“F-16 ဂျက်တိုက်လေယာဉ်တွေ ယူကရိန်းမှာ ရောက်လာခဲ့ပါပြီ။ မဖြစ်နိုင်တဲ့အရာက လုံးဝကို ဖြစ်လာခဲ့ပါပြီ” လို့ ဂါဘရီယယ်လီးယပ်စ်က လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

ယူကရိန်းသို့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ ဒုံးပစ်စနစ်အတွက် ခဲယမ်းမီးကျောက်တွေ နဲ့ တင့်ဖျက်လက်နက်တွေပါဝင်တဲ့ ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံတန်ကြေးရှိ လုံခြုံရေးအကူအညီ ပေး မယ်လို့ ပင်တဂွန်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကြေညာခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရုရှားက ကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံက ယူကရိန်းသို့ ဒေါ်လာ ၅၅ ဒသမ ၄ ဘီလီယံတန်ကြေးရှိ စစ်ရေးအကူအညီတွေ ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံ လိုအပ်တဲ့အကူအညီမှန်သမျှ ပေးအပ်မှာဖြစ်ပြီး ရုရှားကို ပိုင်နက်နယ်မြေတွေမှ မောင်းထုတ်နိုင်အောင် ကူညီမယ်လို့ ဒီနှစ် ဇူလိုင်လလယ်က ဝါရှင်တန်မြို့တော်မှာ နေတိုးမဟာမိတ်တွေ နဲ့ တွေ့ဆုံစဉ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့ပါတယ်။

ရေရှည်မှာ ယူကရိန်းနိုင်ငံ လိုအပ်တာမှန်သမျှ အကူအညီပေးမယ်လို့လည်း နေတိုးအဖွဲ့ဝင် ၂၂ နိုင်ငံနဲ့ မိတ်ဖက်တိုင်းပြည်တွေက ကတိပြုခဲ့ပါတယ်။

ပက်ထရီးယော့ဒုံးခွင်းစနစ်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီး အကူအညီတောင်းခံနေတာ ကြာပြီ ဖြစ်တဲ့ F-16 ဂျက်တိုက်လေယာဉ်တွေ အပါအဝင် ထပ်တိုးစစ်လက်နက်တွေ ယူကရိန်းသို့ လွှဲပြောင်းပေး ခဲ့တာပါ။

ကိုးကား – Anadolu
Ref; F-16 fighter jets land in Ukraine to bolster defense against Russia

#Ayeyarwaddy_Times