
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂ ရက်
ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ် ရှမ်းကွင်း ကျေးရွာအုပ်စုနှင့် သစ်ပုတ်ကုန်းကျေးရွာအုပ်စုကြား ရှိတာပေါင်မှာ ရေစိမ့်၀င်မှုများ ဆက်တိုက်ဖြစ်ပွားနေသောကြောင့် ဒေသခံများ အတွက် အကူအညီလိုအပ်နေကြောင်း သိရသည်။
“အဲ့နေရာသာကျိုးပေါက်ခဲ့ရင် င၀န်မြစ်ကရေတွေ စီး၀င်ပြီး နေအိမ်တွေပါမျောပါသွားနိုင်တယ် အန္တရာယ်များတဲ့အခြေအနေပါ”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် အဆိုပါတာ မကျိုးပေါက်စေရေးအတွက် ဒေသခံများမှ သဲအိတ်ကာရံခြင်းများ သစ်တိုင်စိုက်ခြင်းများ ပြုလုပ်နေသော်လည်း ရေစိမ့်၀င်ခြင်းများရှိနေပြီး မြို့နယ် အုပ်ချုပ်ရေးပိုင်းမှ အကူအညီပေးခြင်းမရှိသောကြောင့် ဒေသခံအချို့ရွှေ့ပြောင်းမှုများ ရှိလာကြောင်းသိရသည်။
ပြီးခဲ့သည့် ဇူလိူင်လ၂၈ရက်နေ့ကသာပေါင်းမြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာတွင် တာကျိုးပေါက်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၃၀၀ခန့်ရေနစ်မြုပ်ခဲ့သည်။
သာပေါင်းမြို့နယ်တွင် င၀န်မြစ်ရေ တိုးမှုကြောင့်ကျေးရွာ ၂၀ ရွာထက်မနည်း ရေနစ်မြုပ်နေပြီး ဒေသခံများစား၀တ်နေရေးအခက်အခဲနှင့်ရင်ဆိုင်နေရကြောင်းသိရှိရသည်။
#သာပေါင်းမြို့နယ် #ကျေးရွာတာ #ကျိုးပေါက် #အကူအညီ
#Ayeyarwaddy_Times-