A Eurocopter 365 helicopter is commissioned into service during the celebration of the 71st anniversary of Myanmar air force at a base in Meiktila Station on Dec. 15, 2018. (Myanmar military)

ဧရာဝတီတိုင်းမ်
ဩဂုတ် ၂ ရက်

ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်တွင် ယနေ့ဩဂုတ် ၂ ရက်နေ့ နံနက်ပိုင်းက ရဟတ်ယာဉ်ပျက်၍ တောင်ပိုင်း တိုင်းလေတပ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ်စိုးတင်လတ် သေဆုံးသွားကြောင်း သိရသည်

“ရဟတ်ယာဉ် လေ့ကျင့်ဖို့အတက်မှာ ပျက်ကျတာ လေတပ်ကွပ်ကဲရေးမှူးချုပ်သေတယ်။ တွဲဖက်လည်း သေတယ်။ ပြင်းထန်ဒဏ်ရာရတဲ့သူလည်းရှိတယ်။ သူတို့လည်းသေလောက်တယ်”ဟု တပ်သတင်းရင်းမြစ် က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယနေ့ နံနက်ပိုင်းက လေ့ကျင့်ပျံသန်းရန် ကွင်းမှ အတက်တွင် ယူရိုကော်ပတာရဟတ်ယာဉ်ပျက်ကျပြီး တောင်ပိုင်းတိုင်း လေတပ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ်စိုးတင်လတ်နှင့် တွဲဖက်လေယာဉ်မှူးသေဆုံးပြီး အမျိုးသမီးလေယာဉ်မှူးနှင့် စက်မှုအကြပ်ကြီးတို့ ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး လေ့ကျင့်ပျံသန်းစဉ် ပျက်ကျခြင်း သို့မဟုတ် ရှေ့တန်းနယ်မြေသို့ သွား ရောက် တိုက်ခိုက်ရန် ပျံတက်ခြင်း ဟုတ်မဟုတ်ကို ဧရာ၀တီတိုင်မ်း အနေဖြင့် စုံစမ်းလျက်ရှိသည်။

#ရန်ကုန် #မှော်ဘီ #လေတပ် #ရဟတ်ယာဉ် #ပျက်ကျ #လေတပ်ကွပ်ကဲရေးမှူးချုပ် #သေဆုံး #Breaking_News #Ayeyarwaddy_Times