ဧရာဝတီတိုင်းမ်
သြဂုတ် ၁ ရက်

မြန်မာအာဏာသိမ်းစစ်ကောင်စီက အရေးပေါ်အခြေအနေကာလကို နောက်ထပ် ၆ လ သက် တမ်းတိုးတာဟာ စစ်အုပ်ချုပ်ရေးကို အပြင်းအထန် ဆန့်ကျင်နေတဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ ဆန့် ကျင်တယ်လို့ အမေရိကန်နိုင်ငံက ပြောပါတယ်။

မြန်မာနိုင်ငံကို ငြိမ်းချမ်းပြီး ပြည်သူကိုကိုယ်စားပြုတဲ့ ဒီမိုကရေစီအနာဂတ်လမ်းကြောင်းပေါ် ပြန် လျှောက်လှမ်းနိုင်ရေး သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ တောင်းဆိုတယ်လို့ အမေရိကန်၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ မတ်သယူးမီလာက ဇူလိုင်လ ၃၁ ရက်မှာ ထုတ်ပြန်ချက်တစ် ခုအတွင်း ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီက မြန်မာပြည်သူတွေကို အကြမ်းဖက်တာရပ်တန့်ပြီး မတရားဖမ်းဆီးထားသူတွေ ကို လွှတ်ပေးကာ လူသားချင်းစာနာမှု အကူအညီတွေ အဟန့်အတားမရှိ ခွင့်ပြုရမယ်လို့ ၎င်းက ပြောပါ တယ်။

မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေဟာ အကျပ်အတည်းကို ပိုရှည်ကြာစေခဲ့ပြီး အိုးအိမ်စွန့်ခွာရသူ ၃ သန်းကျော် ရှိစေခဲ့ကာ ထောင်နဲ့ချီတဲ့ပြည်သူတွေ အိမ်နီးချင်းတိုင်းပြည်တွေမှာ ခိုလှုံခွင့်ရဖို့ ကြိုးပမ်းနေ ပြီး တိုင်းပြည်ကို ဆင်းရဲတွင်းနက်စေခဲ့တယ်လို့ သူက ဆိုပါတယ်။

အမေရိကန်နိုင်ငံနဲ့ မိတ်ဖက်တိုင်းပြည်တွေက အားလုံးပါဝင်သော ဒီမိုကရေစီအစိုးရတစ်ရပ် ဖြစ် ပေါ်လာရေးအတွက် မြန်မာပြည်သူတွေရဲ့ ရည်မှန်းချက်တွေကို ဆက်လက်ပြီး ပံ့ပိုးကူညီမယ်လို့ ၎င်းက ကတိပြုပါတယ်။

ကိုးကား – https://www.state.gov
Ref; The Burma Military Regime’s Extension of State of Emergency

#Ayeyarwaddy_Times