ဧရာဝတီတိုင်းမ်
ဩဂုတ် ၁ ရက်

ရှမ်းပြည်နယ်တောင်းပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့တွင် ၅၆ နှစ်ကြာပြီးနောက် မိုးရေချိန် စံချိန်သစ်တင်ပြီး မြို့အတွင်းရေလွှမ်းမိုးမှုဖြစ်ပေါ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၅၆ နှစ်တွင် ပင်လောင်းမြို့၏ မိုးရေချိန်သည် ၄ ဒသမ ၃၇ လက်မဖြစ်ပြီး ယခု ၂၀၂၄ ခုနှစ် ဩဂုတ် ၁ ရက်နေ့တွင် မိုးရေချိန်လက်မ ၆ ဒသမ ၂၂ လက်မဖြစ်ကာ မိုးသည်းထန်စွာရွာသန်းမှုကြောင့် မိုးရေချိန် စံချိန်တင် မြင့်တက်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ ဩဂုတ် ၁ ရက်နေ့တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရှမ်းပြည်နယ် ( တောင်ပိုင်း) တွင် နေရာကွက်၍ မိုးကြီးခဲ့ပြီး တောင်ပေါ်ဒေသ ပင်လောင်းမြို့နယ်ရှိ ရပ်ကွက် သုံးနှင့် လေးခုနီးပါး ရေကြီး ရေလျှံမှုများနှင့် ကြုံတွေ့နေရကြောင်းသိရသည်။

ပင်လောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ ကောက်ယူထားသော မြို့နယ်ဆိုင်ရာသတင်းအချက်အလက်များအရ ရပ်ကွက် ၁၉ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၅ အုပ်စု နှင့် ကျေးရွာပေါင်း ၄၃၄ ရွာရှိကြောင်း သိရသည်။

ပင်လောင်းမြို့နယ်သည် ‌ချောင်းနည်းပါးသည့်ဒေသတစ်ခုဖြစ်ပြီး ‌မြောက်မှ တောင်သို့ စီးဆင်းသည့် ဘီလူးချောင်း ရှိကြောင်းသိရသည်။

ဓာတ်ပုံ – voice of pin laung
#ရှမ်းတောင် #ပင်လောင်းမြို့နယ် #မိုးရေချိန်စံချိန်သစ်တင် #ရေကြီးရေလျှံ #Ayeyarwaddy_Times