ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၁ ရက်

စစ်ကောင်စီက အာဏာသိမ်းသက်တမ်းကို ၆ လထပ်မံတိုးကြောင်း ယနေ့ ဇူလိုင် ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ကာလုံအစည်းအဝေးခေါ်ယူ၍ ထုတ်ပြန်ခဲ့သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုင်ငံတော်အာဏာကို သုံးနှစ်နှင့်ခြောက်လ ကြာ သိမ်းယူထားပြီးနောက် ယနေ့တွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာ/လုံ) အစည်း အဝေးခေါ်ယူပြီး သာမန် မဟုတ်သည့်အခြေအနေဟုဆိုကာ သက်တမ်းထပ်မံ တိုးလိုက်ခြင်းဖြစ်သည်။

စစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်၍ အာဏာလုယူခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဟုဆိုကာ ကာ/လုံ အစည်းအဝေးများပြုလုပ်၍ အာဏာသက်တမ်းကို တိုးမြှင့်လာခဲ့ခြင်းဖြစ်သည်။

ယခုတစ်ကြိမ်တွင်လည်း နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းရန် ဆောင်ရွက်ရန်လိုအပ်သည့်အခြေ အနေများကြောင့်ဟုဆိုကာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ စစ်အုပ်ချုပ်ရေးသက်တမ်း ၆ လ ထပ်မံတိုးမြှင့်လိုက်ခြင်းဖြစ်သည်။

ကာလုံအစည်းအဝေးတွင် ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ယာယီသမ္မတဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတထိုင်သည့် နေရာတွင် ထိုင်၍ အစည်းအဝေးပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

#ကာလုံအစည်းအဝေး #စစ်အုပ်ချုပ်ရေး #အာဏာ #သက်တမ်း #၆လထပ်တိုး #Ayeyarwaddy_Times