
ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၁ ရက်
အီရန်သမ္မတသစ် မာစွပ်ပီဇက်ကီယန်ဟာ မနေ့က တီဟီရန်မြို့တော်ရှိ လွှတ်တော်အဆောက်အ အုံမှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
နိုင်ငံတကာဆက်ဆံရေး တိုးမြှင့်ဖို့နဲ့ ပြည်တွင်းမှာ လူမှုရေးဆိုင်ရာ လွတ်လပ်မှု ကန့်သတ်ချက် တွေ ဖြေလျှော့ပေးဖို့အပါအဝင် နိုင်ငံခြားဆက်ဆံရေးနဲ့ပတ်သက်လို့ သူက မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ ပါတယ်။
သမ္မတဟောင်း အီဘရာဟင်ရိုင်စီဟာ မေလအတွင်း ရဟတ်ယာဉ်ပျက်ကျမှုအတွင်း မသေဆုံးမီ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး သူ့ကို အီရန် ဘာသာရေးခေါင်း ဆောင်နေရာကို ဆက်ခံသူအဖြစ် ရှုမြင်ခဲ့ပါတယ်။
အီရန်ရွေးကောက်ပွဲဟာ အီရန်နဲ့ ကမ္ဘာကြီးအတွက် အခွင့်အလမ်းသစ်တစ်ခု ဖွင့်လှစ်ပေးမယ်လို့ မာစွပ်ပီဇက်ကီယန်က ကြေညာခဲ့ပါတယ်။
“ပကတိအရှိတရားကို နားလည်ဖို့နဲ့ အပြန်အလှန် လေးစားသမှုနဲ့ မျှတမှုအပေါ် အခြေခံပြီး ဆက်ဆံရေး ထူထောင်ဖို့ ကျွန်တော်တို့ အနောက်နိုင်ငံတွေကို တောင်းဆိုပါတယ်” လို့ သူက ပြောပါ တယ်။
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ မြင့်တက်နေပြီး အမေရိကန်လို တိုင်းပြည်တွေက ဂါ ဇာပဋိပက္ခ စတင်ပြီးနောက်ပိုင်း အစ္စရေးသို့ စစ်ရေးအကူအညီတွေ ပုံမှန်ပေးပို့ချိန်မှာ ၎င်းက သမ္မတအ ဖြစ် ကျမ်းသစ္စာကျိန်ဆိုတာပါ။
ဟားမာစ်အဖွဲ့၊ လက်ဘနွန်နိုင်ငံမှ ဟက်ဇ်ဘိုလာအဖွဲ့နဲ့ ယီမင်နိုင်ငံမှ ဟူသီအဖွဲ့မှ အကြီးတန်း ကိုယ်စားလှယ်တွေဟာ အီရန်သမ္မတရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့ပါတယ်။
သူ့ရဲ့ ဦးစားပေးလုပ်ငန်းက အီရန်ရဲ့ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ဖြစ်တယ် လို့ မာစွပ်ပီဇက်ကီယန်က ပြောပါတယ်။
ကိုးကား – NHK
Ref; Masoud Pezeshkian sworn in as Iranian president
#Ayeyarwaddy_Times