
ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၀ ရက်
လက်ရှိရောင်းချနေသော စားအုန်းဆီလက်လီ အရာင်းဆိုင်များတွင် ဆီဝယ်ယူရာတွင် အခက်အခဲရှိသူများ စားအုန်းဆီ အိမ်ရောက်ငွေချေစနစ်ဖြင့် ရန်ကုန်တိုင်းစားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကာ်မတီအသင်းထံ မှာယူနိုင်ကြောင်း သိရသည်။
လက်ရှိစားအုန်းဆီပြင်ပ ဈေးကွက်တွင် တစ်ပိဿာ တစ်သောင်းနှစ်ထောင်(၁၂၀၀၀) ကျပ်ရှိပြီး စစ်ကောင်စီ၏ ဇူလိုင် ၂၉ ရက်မှ ဩဂုတ် ၄ ရက်နေ့အထိ စားအုန်းဆီ တစ်ပိဿာစျေး သက်မှတ်ချက်မှာ ၅၄၈၅ ကျပ် ဖြစ်သည်။
အိမ်ထောင်စုတစ်စုလျှင် မိသားစုတစ်လစာအတွက် စားအုန်းဆီ နှစ်ပိဿာကို စစ်ကောင်စီ ထုတ်ပြန်သည့် ရန်ကုန်လက်ကားရည်ညွှန်းဈးအတိုင်း ရောင်းချမည်ဖြစ်ပြီး အကျိုးအမြတ်ထည့် ယူထားခြင်းမရှိဘဲ ဘူးခွံဖိုးနှင့် ဘူးသွတ်ခသာထည့်သွင်းတွက်ချက်ထားကြောင်း ယင်းအသင်း ထုတ်ပြန် ချက်တွင် ပါဝင်သည်။
” ဆီပေးတဲ့အချိန်တိုးမဝယ်နိုင်သူတွေက ပြင်ပဈးနဲ့ပဲဝယ်သုံးကြတယ်။ အချို့မုန့်လုပ်ရောင်းတဲ့ ဈေးသည်တောင် အချိန်မပေးနိုင်လို့ အပြင်ဈေးနဲ့ပဲဝယ်ပြီး ရောင်းကျတယ်။ အခုတော့ ဘယ်လိုလာဦး မလဲမသိဘူး။ စမ်းမှာကြည့်ရမယ်ထင်တယ် ” မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ အိမ်ရှင်မတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ရန်ကုန်တိုင်းစားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူး ရောင်းချရေးကာ်မတီ၏ Call Center ဖုန်းနံပါတ် ၀၁ – ၂၃၉၉၂၂၂ ထံ ဇူလိုင် ၃၁ ရက်နေ့မှစတင်၍ မှာယူနိုင်ပြီး မှာယူပြီး သုံးရက် ကြာမြင့်မည်ဖြစ်ကြာင်းသိရသည်။
လက်ရှိတွင် စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများက ရန်ကုန်မြို့အတွင်းရှိ လက်လီ၊လက်ကား အရောင်းဆိုင်များကိုဖြန့်ဖြူးပေးပြီး ပြည်သူများတန်းစီစောင့်ဆိုင်း၍ ဝယ်ယူနေရသည်။
ထို့ပြင် ယခင်က လူတစ်ဦးလျင် စားအုန်းဆီ တစ်ပိဿာနှုန်း တန်းစီကာ ဝယ်ယူခွင့်ရသော်လည်း ယခုတွင် စားအုန်းဆီ ငါးဆယ်ကျပ်သား ကိုသာ ဝယ်ယူခွင့်ရတော့ကြောင်း သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#စားအုန်းဆီ #အိမ်အရောက်မှာယူနိုင် #တစ်အိမ်ထောင် #နှစ်ပိဿာ #Ayeyarwaddy_Times