
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၀ ရက်
ရုရှားနိုင်ငံအထိ ရောက်ရှိနိုင်သောဒုံးကျည်တွေ ဂျာမနီနိုင်ငံမှာဖြန့်ကြက်မယ့် အမေရိကန်နိုင်ငံရဲ့ အစီအစဉ်ကို တုံ့ပြန်သောအားဖြင့် တာလတ်နဲ့ တာတိုဒုံးကျည်တွေ ထုတ်လုပ်မှုနဲ့ဖြန့်ကြက်မှု တရားဝင် ဆိုင်းငံ့ထားခြင်းကို ရပ်ဆိုင်းမယ်လို့ သမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။
စိန့်ပီတာစဘဂ်မြို့တော်မှာကျင်းပတဲ့ ရုရှားရေတပ် နှစ်ပတ်လည်နေ့အခမ်းအနားမှာ ပူတင်က အခုလို မှတ်ချက်ပြုခဲ့တာပါ။
၂၀၂၆ ခုနှစ်မှစ၍ ဂျာမနီနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့တွေအတွက် ရုရှားအထိ ရောက်ရှိနိုင်သည့် အ သံထက်မြန်သော လက်နက်တွေနဲ့ ခရုဇ်ဒုံးကျည်တွေ ဖြန့်ကြက်မယ့် အမေရိကန်နိုင်ငံရဲ့ အစီအစဉ်ကို သူက ရည်ညွှန်းပြောခဲ့တာပါ။
နျူကလီးယားထိပ်ဖူးတွေ တစ်ဖြည်းဖြည်း တပ်ဆင်နိုင်မယ့် တာဝေးပစ်ဒုံးကျည်တွေ ဖြန့်ကြက် မှုကြောင့် ရုရှားနိုင်ငံတွင်းရှိပစ်မှတ်တွေကို ၁၀ မိနစ်ခန့်အတွင်း ပစ်ခတ်နိုင်မယ်လို့ ၎င်းက ဆိုပါတယ်။
အမေရိကန်နိုင်ငံရဲ့ တာလတ်နဲ့ တာတိုဒုံးကျည်တွေ ဖြန့်ကြက်မယ့်အစီအစဉ်ကို ရုရှားက လက် တုံ့ပြန်မယ့် အစီအမံတွေ ဆောင်ရွက်မယ်လို့ သူက ပြောပါတယ်။ အမေရိကန်နဲ့ရုရှားကြား အခြေအနေ က စစ်အေးကာလလိုဖြစ်လာပြီလို့ ၎င်းက ဆက်ပြောပါတယ်။
ရုရှားရေတပ်မှ ကော်ဗက်ရေယာဉ်တစ်စင်း၊ ရေငုပ်သင်္ဘောတစ်စင်းနဲ့ အခြားရေယာဉ်တွေပါဝင် တဲ့ အဆိုပါအခမ်းအနားကို ရုရှားရေတပ်ရဲ့ ပစိဖိတ်ရေယာဉ်စု ဌာနချုပ်တည်ရှိရာ ရုရှားအရှေ့ဖျား ဗလာ ဒီဗော့စတော့မြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
ရုရှားရေတပ် နှစ်ပတ်လည်နေ့အခမ်းအနားမှာ တရုတ်စစ်သင်္ဘောတွေလည်း ပါဝင်ခဲ့ရာ နှစ်နိုင်ငံ ကြား ဆက်ဆံရေး ခိုင်မာမှုကို ထင်ဟပ်စေပါတယ်။
ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီးဟာ အခမ်းအနားတက်ရောက်ဖို့ ရုရှားသို့ရောက်ရှိနေတဲ့ တ ရုတ်ရေတပ်ရဲ့တပ်မှူးနဲ့ တွေ့ဆုံခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ကိုးကား – NHK
Ref; Putin vows measures against US plan to deploy long-range missiles in Germany
#Ayeyarwaddy_Times