
ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၀ ရက်
ဧရာ၀တီတိုင်း ၊ အင်္ဂပူမြို့တွင် ဇူလိူင်လ ၂၈ရက်နေ့က စက်စက်ယို ဘုရားအနီး တန်ဆောင်းတွင် ရေဘေးရှောင်နေသော မိသားစုမှ၁၀လသားအရွယ်ကလေးငယ်တစ်ဦးရေနစ်သေဆုံးသွားကြောင်းသိရသည်။
“နေခင်းဘက် ဖြစ်သွားတာသေဆုံးသွားတာ ၁၀လသားယောင်္ကျားလေးတဲ့သူတို့ ရေဘေးရှောင်တဲ့ ဘုရားတန်ဆောင်းက ဘေးဘက် လက်ရမ်းပွတ်လုံးကြားထဲကနေ ကလေးက ရေထဲကိုကျတာလို့ သိရတယ်။ သူ့အမေက အိပ်ပျော်နေလို့ကျသွားတာမသိလိုက်ဘူး ပြောတယ်ကျသွားတဲ့အနားက လူကြီးခါးလောက်နက်တယ် ” ဟု ရေဘေးရှောင်မိသား၀င်တစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
ရေနစ်သေဆုံးသွားသောကလေးငယ်၏ ရုပ်အလောင်းကို စက်စက်ယိုဘုရားတန်ဆောင်းနောက်ဘက်နား ရှိရေထဲတွင်ပြန်လည် တွေ့ရှိခဲ့ ကြောင်းသိရသည်။
ယခုကလေးငယ် သေဆုံးသွားသော တန်ဆောင်းတွင် နေအိမ်များရေကြီးနစ်မြုပ်မှုကြောင့် လာရောက် နေထိုင်သူ ၂၀၀ခန့်ရှိပြီး အင်္ဂပူမြို့နယ်တစ်ခုလုံးတွင် ရေဘေးရှောင်ပြည်သူ ၃၀၀၀ကျော်ခန့်ရှိနေကြောင်းသိရှိရသည်။
ကရင်ပြည်နယ် ၊ မြဝတီမြို့ သောင်းရင်းမြစ် ရေကြီးမှုဖြစ်စဉ်တွင်လည်း အသက် ၃နှစ်အရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးသည့်ဖြစ်စဉ် ဖြစ်ပွါးခဲ့သည်။
#အင်္ဂပူမြို့ #ရေဘေးရှောင်စခန်း#လသားအရွယ် #ကလေးငယ် #ရေနစ်သေဆုံး
#Ayeyarwaddy_Times