
(မြန်မာပဋိပက္ခနဲ့ မတည်ငြိမ်မှုက ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ် ပြင်းထန်သော ဂ ယက်ရိုက်ခတ်မှုတွေ ဖြစ်စေခဲ့ဟု ဆို)
ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၀ ရက်
ရခိုင်ပြည်နယ်အရေးအပါအဝင် မြန်မာနိုင်ငံရဲ့ ဆိုးရွားလာသော နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသား ချင်းစာနာမှု အခြေအနေကို အလွန်အမင်း စိုးရိမ်တယ်လို့ Quad အဖွဲ့ဝင် အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နဲ့ ဩစတြေးလျမှ နိုင်ငံခြားရေးဝန်ကြီးတွေက ဇူလိုင်လ ၂၉ ရက်မှာ ပူးတွဲထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
မြန်မာပဋိပက္ခနဲ့ မတည်ငြိမ်မှုက ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ် ပြင်းထန်သော ဂ ယက်ရိုက်ခတ်မှုတွေ ဖြစ်စေခဲ့တယ်လို့ ပူးတွဲထုတ်ပြန်ချက်က ဆိုပါတယ်။
အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်စဲဖို့၊ မတရား ထိန်းသိမ်းခံရသူအားလုံးကို လွှတ်ပေးဖို့၊ လူသား ချင်းစာနာမှု အကူအညီ ဘေးကင်းစွာ ပေးအပ်ခွင့်ပြုဖို့၊ သက်ဆိုင်သူအားလုံးကြား အပြုသဘောဆောင် သော၊ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် အကျပ်အတည်းဖြေရှင်းဖို့နဲ့ အားလုံးပါဝင်သော ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းဖို့ မိမိတို့ ထပ်မံတောင်းဆိုတယ်လို့ ပူးတွဲထုတ်ပြန်ချက် က ဖော်ပြပါတယ်။
ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်မှု၊ အာဆီယံဉက္ကဌနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အ ထူးကိုယ်စားလှယ်ရဲ့ ကြိုးပမ်းမှုတွေ အပါအဝင် မြန်မာ့အကျပ်အတည်း အဖြေရှာရာမှာ အာဆီယံအဖွဲ့ရဲ့ ခေါင်းဆောင်မှုကို မိမိတို့ ထောက်ခံတယ်လို့ ပူးတွဲထုတ်ပြန်ချက်က ပြောပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ဖို့ Quad အ ဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေက သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို တောင်းဆိုပါတယ်။
ဆိုက်ဘာရာဇဝတ်မှု၊ တရားမဝင် မူးယစ်ဆေးဝါးကုန်သွယ်မှုနဲ့ လူမှောင်ခိုကူးမှုလိုမျိုး နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှုတွေ တိုးလာစေတဲ့ မြန်မာ့အရေးက အိမ်နီးချင်းတိုင်းပြည်တွေအပေါ် သက်ရောက် မှုနဲ့ပတ်သက်လို့ စိုးရိမ်မိတယ်လို့ Quad အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေက ပြောပါတယ်။
လေယာဉ်ဆီ အပါအဝင် စစ်လက်နက်နဲ့ စစ်ဘက်ကိရိယာတွေ မြန်မာစစ်တပ်ထံ စီးဆင်းမှုကို ဟန့်တားပေးဖို့ နိုင်ငံအားလုံးကို ၎င်းတို့က တောင်းဆိုပါတယ်။
မြန်မာပြည်သူတွေကို ဆက်လက်ထောက်ခံပြီး မြန်မာပြည်သူတွေကိုယ်တိုင် ဉီးဆောင်သော မြန် မာ့အကျပ်အတည်းအတွက် တာရှည်ခံသော အဖြေရှာရာမှာ သက်ဆိုင်သူအားလုံးနဲ့ လက်တွေ့ကျသော၊ အပြုသဘောဆောင်သော နည်းလမ်းနဲ့ လက်တွဲဆောင်ရွက်ဖို့ သံန္နှိဌာန်ချထားတယ်လို့ Quad အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေက ဆိုပါတယ်။
ကိုးကား – https://www.mea.gov.in
Ref; Quad Foreign Ministers’ Meeting Joint Statement
#Ayeyarwaddy_Times