ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၉ ရက်

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ချက်ချင်း ရပ်တန့်ဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ထပ် လောင်းတောင်းဆိုလိုက်ပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တော်မှာ ၂ ရက်ကြာ အစည်း အဝေးတစ်ရပ် ကျင်းပပြီးနောက် စနေနေ့က ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာစစ်ကောင်စီက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ အမြဲတမ်းအတွင်းဝန်တစ်ဦး စေလွှတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေနဲ့ လူသားချင်းစာနာမှုအခြေအနေ ဆိုးရွားလာတဲ့အပေါ် အလွန်အ မင်း စိုးရိမ်မိကြောင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ထုတ်ဖော်ပြောခဲ့တယ်လို့ ပူးတွဲထုတ်ပြန် ချက်က ဖော်ပြပါတယ်။

မြန်မာစစ်ကောင်စီက အရပ်သားတွေ၊ အရပ်ဘက်အဆောက်အအုံတွေအပေါ် အကြမ်းဖက်မှု တွေ ဆက်လက်ကျူးလွန်နေတာကိုလည်း ၎င်းတို့က အပြင်းအထန် ရှုတ်ချခဲ့တယ်လို့ ပူးတွဲထုတ်ပြန် ချက်က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကိ ဖြေရှင်းရာမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် က အဓိက အကိုးအကားအဖြစ် ဆက်ရှိနေမယ်လို့ ပူးတွဲထုတ်ပြန်ချက်က ပြောပါတယ်။

ဖိလစ်ပိုင်၊ တရုတ်နဲ့ အခြားနိုင်ငံတွေ ပိုင်နက်နယ်မြေ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ် တွင်း အခြေအနေကိုလည်း ပူးတွဲထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ကိုးကား – NHK
Ref; ASEAN foreign ministers fail to halt violence in Myanmar

#Ayeyarwaddy_Times