
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၁ ရက်
မလေးရှားနိုင်ငံက မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ရှင်းလင်းသော အဆုံးသတ်ဂိမ်းတစ်ခု ဖြစ်စေလိုပြီး အာ ဆီယံနိုင်ငံတွေကို စစ်ကောင်စီရဲ့ အတိုက်အခံတွေနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံဖို့ အကြံပြုတယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ သက်တမ်းကို ထိထိရောက်ရောက် ဆောင်ရွက်နိုင် ဖို့ တစ်နှစ်ထက်ပိုထားသင့်တယ်လို့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်လို့ သူရဲ့ ပွင့်လင်းတဲ့ မှတ်ချက်စကား ကြောင့် စစ်ကောင်စီကို အမျက်ထွက်စေခဲ့တဲ့ ဆိုင်ဖူဒင်က ပြောကြားခဲ့ပါတယ်။
အခြားနိုင်ငံရဲ့ပြည်တွင်းရေးကို မစွက်ဖက်ရဆိုတဲ့ မူဝါဒရှိတဲ့ အာဆီယံနိုင်ငံတွေဟာ ပါတီစုံဆွေးနွေးရေး၊ လူသားချင်းစာနာမှု အကူအညီရရှိရေးနဲ့ ရန်လိုမှုတွေ အဆုံးသတ်ရေးတွေ ပါဝင်တဲ့ အစီအစဉ်တစ်ခုကို မဖော် ဆောင်နိုင်တဲ့ အာဏာသိမ်းစစ်ကောင်စီအပေါ် သည်းခံမှုပျောက်ဆုံးနေပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက မြန်မာပြည်သူတွေကို လူ့ကျင့်ဝတ်အရ အားပေးဖို့နဲ့ NUG အပါအဝင် အာ ဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တဲ့ အတိုက်အခံအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံဖို့က အလွန် အရေးကြီးတယ်လို့ ထိုင်း နိုင်ငံခရီးစဉ်အတွင်း ဆိုင်ဖူဒင်က ပြောပါတယ်။
“အခုကျတော့ ကျွန်တော်တို့က အာဏာသိမ်းစစ်ကောင်စီနဲ့သာ တစ်ဖက်သတ် ထိတွေ့ဆက်ဆံနေပါတယ်” လို့ ၄င်းက သတင်းထောက်တွေကို ပြောပါတယ်။
မြန်မာစစ်တပ်ကမူ အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့တွေနဲ့မဆက်ဆံဖို့ အာဆီယံနိုင်ငံတွေကို ထပ်တလဲလဲ တိုက်တွန်းခဲ့ပါတယ်။
မြန်မာစစ်တပ်ဟာ မကြာသေးမီက နိုင်ငံရေးအကျဉ်းသားလေးဦးကို ကြိုးပေးကွက်မျက်ခဲ့တာကြောင့် နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချမှုကို ခံခဲ့ရပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ပြီးခဲ့တဲ့အပတ်က အာဆီယံဦးဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီနိုင်ဖို့ တတိယနိုင်ငံရဲ့ထောက်ခံမှု ရရှိနိုင်စွမ်းကို ဆွေးနွေးခဲ့တယ်လို့ သူက ဆိုပါတယ်။
ကိုးကား – CNA
Ref; Malaysia urges ASEAN states to engage with Myanmar junta’s rivals