ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၁ ရက်
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ရာထူးသက်တမ်းကို တစ်နှစ်ထက်ပိုပေးသင့်ပြီး ထို ပုဂ္ဂိုလ်ကလည်း နိုင်ငံခြားရေးဝန်ကြီးဖြစ်ဖို့ မလိုအပ်ဖူးလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာက ပြောကြားလိုက်ပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ရာထူးသက်တမ်းကို တစ်နှစ်ကျော်ပေးသင့်ရခြင်းမှာ အာဏာသိမ်း စစ် ကောင်စီအုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခကို ထိရောက်စွာ အဆုံးသတ်နိုင်ဖို့ဖြစ်တယ်လို့ ၄င်းက ဆိုပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ်ဟာ သံတမန်ပိုင်းဆိုင်ရာ တာဝန်ယူရတဲ့ နိုင်ငံခြားရေးဝန်ကြီးမဖြစ်မှသာ မြန်မာ့အရေးကို အမှန်တစ်ကယ် အလေးပေးဆောင်ရွက်နိုင်မယ်လို့ ဆိုင်ဖူဒင်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ အပြည့်အဝ ထိတွေ့ဆက်ဆံရာမှာ ယုံကြည်မှုတည်ဆောက်ဖို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ် ထားပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလနှောင်းပိုင်းက အင်ဒိုနီးရှားနိုင်ငံမှာပြုလုပ်တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ သဘော တူညီခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက်အရ မြန်မာနိုင်ငံမှာ တည်ငြိမ်မှုပြန်လည်ရရှိဖို့ အာဆီယံ အထူးကိုယ် စားလှယ်ကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
အာဆီယံအဖွဲ့အနေနဲ့ အာဆီယံဦးဆောင်တဲ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဆွေးနွေးမှု မိတ်ဖက် တွေထံမှ အကူအညီ တောင်းခံဖွယ်ရှိတယ်လို့ ၄င်းက ပြောပါတယ်။
မြန်မာပြည်သူတွေ အခြေအနေမှန်ကို သိရှိနိုင်ဖို့ အာဆီယံ အထူးကိုယ်စားလှယ်က NUG၊ NUCC တို့နဲ့ ထိ တွေ့ဆက်ဆံကာ တိုးတက်မှုကို လူသိရှင်ကြား ထုတ်ပြန်ဖို့ မလေးရှားနိုင်ငံက အကြိမ်ကြိမ် အဆိုပြုခဲ့တယ်လို့ သူ က ဆိုပါတယ်။
မြန်မာစစ်တပ်ကတော့ တရားမဝင်အသင်းတွေ၊ အကြမ်းဖက်အဖွဲ့တွေလို့ သတ်မှတ်ထားတဲ့ အာဏာ သိမ်းမှုဆန့်ကျင်တဲ့ အုပ်စုတွေနဲ့ မတွေ့ဆုံဖို့ အာဆီယံနိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။
ကိုးကား – Bernama
Ref; FM Saifuddin proposes Special Envoy to Myanmar with tenure ‘more than a year’