ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၉ ရက်

ရှမ်းမြောက် လားရှိုးတွင် စစ်ကောင်စီ၏ ကျန်ရှိနေသည့် တပ်စခန်းအချို့ထဲမှ သံချပ်ကာတပ်နှင့် ဆက်သွယ်ရေးတပ်ရင်းများကို ပူးပေါင်းအဖွဲ့က တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

လားရှိုးမြို့အခြေစိုက် ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၇၀၀၅ သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း၊ အမှတ် ၂၄၂ စစ်လက်နက်တပ်ခွဲနှင့် တပ်မတော်ဂေါက်ကွင်းစခန်းများကို ကိုးကန့်တပ်မတော် ((MNDAA) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)အပါအဝင် မဟာမိတ်တပ်ပေါင်းစုတို့က ဇူလိုင် ၂၈ နှင့် ၂၉ ရက် တို့တွင် အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် လားရှိုးမြို့စောင့်တပ် ခလရ-၆၈ တပ်ရင်းကိုလည်း ဇူလိုင် ၂၇ ရက်နေ့ ညနေပိုင်းက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း BPLA က ထုတ်ပြန်ထားသည်။

လက်ရှိ လားရှိုး ရမခ စစ်ဌာနချုပ်ကို မဟာမိတ်ပူး ပေါင်းတပ်မှ ‌ဒရုန်းဗုံးများအပြင် မြေပြင်မှလည်းထိုး စစ်ဆင်ဝင်ရောက်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

ဓာတ်ပုံ-BPLA
#ရှမ်းမြောက် #လားရှိုး #စစ်ကောင်စီ #ဆက်သွယ်ရေးတပ် #သံချပ်ကာတပ်ရင်း #MNDAA #BPLA #တိုက်ခိုက် #သိမ်းပိုက် #Ayeyarwaddy_Times