ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၉ ရက်

မြောက်ပိုင်း ညီနောင်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA)၊ အာရက္ခတပ်တော် (AA) တို့၏ အဖွဲ့အစည်းတံဆိပ်အသုံးပြု၍ နိုင်ငံတော်မှခွဲထွက်ခြင်း ဆိုသည့် ခေါင်းစဉ်ဖြင့် ပျံ့နှံ့နေသည့် စာသည် အတုသာဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်ညီ နောင်သုံးဖွဲ့က ယနေ့ ဇူလိုင် ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။

ပျံ့နှံ့နေသည့် သတင်းတုတွင် တိုင်းရင်းသား လက် နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများသည် နိုင်ငံတော်မှခွဲထွက်ပြီး နိုင်ငံအသစ်ထူထောင်တော့မည်ဟူ သောခေါင်းစဉ်ဖြင့် သတင်းတုဖန်တီး၍ လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အသိဉာဏ်မဲ့ အောက်တန်းကျသည့်ပုဂ္ဂိုလ် အချို့သည် အခြားသောခေါင်းစဉ်များဖြင့် လည်းကောင်း၊ ညံ့ဖျင်းလှသည့် တရုတ်ဘာသာအရေးသား ဖြင့်လည်းကောင်း၊ တိကျမှန်ကန်မှုမရှိသည့် ရေးပုံရေးနည်း၊ Photoshop တို့ဖြင့်လည်းကောင်း၊ မိမိတို့ အဖွဲ့အစည်းများ၏ တံဆိပ်များကို အသုံးပြုပြီး ၁၀ စောင်ထက်မနည်းသော ထုတ်ပြန်ချက်များကို သတင်းအချက်အလက်အတုများဖြင့် ယခုရက်ပိုင်း အတွင်း ဆက်တိုက်ပြုလုပ်နေသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းသို့ပြုလုပ်နေခြင်းမှာ တိုက်ပွဲတိုင်း အောင်ပွဲရရှိ နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ဖိအားပေးရန်၊ အိမ်နီးချင်းနိုင်ငံအား အထင် အမြင်လွဲမှားစေရန်၊ မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်းလက်နက်ကိုင် အဖွဲ့ကို အသက်ရှူအနား ယူခွင့်ရရှိစေရန်ရည်ရွယ်ပြီး လုပ်ဆောင်နေခြင်းဖြစ် သည်ဟု ရှုမြင်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့ကဆို သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် အသိဉာဏ်မဲ့၊ အောက်တန်းကျပြီး နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက် နေသည့် ပုဂ္ဂိုလ်(သို့) အစုအဖွဲ့ (သို့ )အဖွဲ့အစည်းများကို ရှာဖွေဖော်ထုတ်ပြီး ပြင်းထန်စွာ အရေးယူမည်ဖြစ်ဟု သတိပေးထုတ်ပြန်ကြေညာထားသည်။

#ညီနောင်မဟာမိတ် #သုံးဖွဲ့ #သတင်းတု #ဖြန့်နေသူများ #အရေးယူမည် #ထုတ်ပြန် #Ayryarwaddy_Times