
ဧရာဝတီတိုင်းမ်
ဇူလိုင်၂၉ ရက်
ဧရာ၀တီတိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြစ်ရေ ကြီးခြင်းများဆက်တိုက်ဖြစ်ပေါ်လာပြီး ရထားလမ်းများ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်လာသောကြောင့် တိုင်းအတွင်းရှိ ရထားခရီးစဥ်များ အားလုံးယာယီရပ်ဆိုင်းထားကြောင်းသိရသည်။
“ဇူလိူင်၂၈ရက်နေ့ကစပြီး ယာယီရပ်ထားလိုက်တာ ရထားလမ်းတွေ မြုပ်ကုန်ပြီ။ တစ်ချို့နေရာတွေဆို ရေစီးအားနဲ့ ပျက်တောင်ပျက်တော့မယ် ရေကျပြီးမှ ပြန်ဖွင့်ဖို့စီစဥ်မှာပါ”ဟု တိုင်းမီးရထား၀န်ထမ်းတစ်ဦးမှပြောသည်။
ဧရာ၀တီမြစ်ရေမြင့်တက်မှုကြောင်ဟင်္သာတ-ကြံခင်း-မီးရထားလမ်းပိုင်း ရေမြုပ်နေပြီးမီးရထားလမ်း ပေါ်တွင် ခြောက်လက်မခန့် နစ်မြုပ်နေကြောင်း သိရသည်။
ဧရာ၀တီတိုင်းတွင်းရှိ ရထားခရီးစဥ်များသည် ခရီးသွားလာသူနည်းသော်လည်း ဒေသထွက်ကုန်စိမ်းသီးနှံများကို မော်တော်ကားများထက် တန်ဆာခသက်သာသောကြောင့် သယ်ယူ တင်ပို့ နေကြဖြစ်ပြီး ယခု ရထားခရီးစဉ်များ ရက်နားထားမှုအတွက် သီးနှံများ သယ်ယူပို့ဆောင်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လာမည်ကို ဒေသခံများကစိုးရိမ်နေကြသည်။
#ဧရာ၀တီတိုင်း #ရထားလမ်းများ #ရေမြုပ် #ခရီးစဥ်များယာယိီရပ်ဆိုင်းထား #Ayeyarwaddy_Times