
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်
ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာတွင်င၀န်မြစ်ရေ တိုးမြင့်လာမှုကြောင့် ဇူလိုင်၂၈ ရက်နေ့မနေ့က တာကျိုးပေါက်မှုဖြစ်ပွားခဲ့ပြီး ကူညီကယ်ဆယ်မည့်သူမရှိဖြစ်နေကြောင်း သိရသည်။
သစ်ဆိမ့်ကုန်းကျေးရွာနှင့် ဂွေးတောက်ကွင်းရွာ နှစ်ရွာကို ဆက်ထားသောတာသည် မြစ်ရေတိုးမြင့်မှုကြောင့် နံနက် ၆နာရီတွင် ကျိုးပေါက်ကာ ရွာအတွင်းသို့ ရေများ၀င်ရောက်လာကြောင်းဒေသခံများကပြောသည်။
“ရေကတော့ရွာထဲမှတရကြမ်း စီးနေတာ အိမ်တွေ တောင်မျောပါနိုင်တယ် ရွာကလူတွေပဲ ဦးဆောင်ပြီးအခြေအနေစောင့်ကြည့်နေရတယ် ခုထိတော့ဘာကူညီ ကယ်ဆယ်ရေးမှ မလာပါဘူး” ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိကျေးရွာ အတွင်းတွင်လူနေအိမ်ခြေ ၃၀၀ကျော်ရှိပြီး ရေ၀င်ရောက်မှုကြောင့် လူနေအိမ်များ ရေစီးနှင့်အတူ မျောပါခြင်း၊ ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်လာမည်ကိုဒေသခံများမှ စိုးရိမ်နေကြသည်။
သာပေါင်းမြိုနယ်တွင် ဇူလိူင်လအတွင်း င၀န်မြစ်ရေ တိုးမှုကြောင့်ကျေးရွာ (၂၀)ရွာထက်မနည်း ရေနစ်မြုပ်နေပြီး ဒေသခံများ စား၀တ်နေရေး အခက်အခဲ များနှင့်ရင်ဆိုင်နေရကြောင်းသိရှိရသည်။
#သာပေါင်းမြို့နယ်ကျေးရွာခြင်းဆက် #တာကျိုးပေါက်မှုဖြစ်ပွား #ကူညီကယ်ဆယ်မည့်သူမရှိဖြစ်နေ
#Ayeyarwaddy_Times