
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်
မြန်မာနိုင်ငံမှာ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ် ရပ် ကျင်းပဖို့ ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က အိန္ဒိယ အ မျိုးသား လုံခြုံရေးအကြံပေး အဂျစ်ဒိုဗယ်လ်ကို ပြောပါတယ်။
အဂျစ်ဒိုဗယ်လ်ဟာ သောကြာနေ့က မြန်မာနိုင်ငံ၊ နေပြည်တော်မှာ စစ်ကောင်စီအကြီးအကဲ မင်း အောင်လှိုင်ကို တွေ့ဆုံခဲ့တာပါ။
အဂျစ်ဒိုဗယ်လ်နဲ့ မင်းအောင်လှိုင်တို့က နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနဲ့ ပူး ပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတိုးတက်မှု၊ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်မှုတွေနဲ့ နယ်စပ် ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါ တယ်။
အဂျစ်ဒိုဗယ်လ်ဟာ နေပြည်တော်မှာကျင်းပတဲ့ ၄ ကြိမ်မြောက် ဘင်းစတက် လုံခြုံရေးဆိုင်ရာ အ ကြီးအကဲများ အစည်းအဝေးမှာ အိန္ဒိယကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်နေတာဖြစ်ပါတယ်။
အဂျစ်ဒိုဗယ်လ်ဟာ စစ်ကောင်စီ အမျိုးသား လုံခြုံရေးအကြံပေး မိုးအောင်နဲ့ တွေ့ဆုံကာ နယ်စပ် တစ်လျှောက် မြန်မာနိုင်ငံတွင်းမှ အကြမ်းဖက်မှုတွေ၊ မတည်ငြိမ်မှုတွေ သက်ရောက်မှုအပေါ် စိုးရိမ်မိ တယ်လို့ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ နာဂလန်းနဲ့ မဏိပူရ်အပါအဝင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်တွေနဲ့ ကီလိုမီတာ ၁၆၄၀ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။
စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဒီမို ကရေစီပြန်လည်ရရှိဖို့ ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။
မြန်မာနိုင်ငံတစ်ဝှမ်း စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ပြင်းထန်သောတိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပါတယ်။
ကိုးကား – Wio News
Ref; Preparations are on to hold free and fair general election: Myanmar PM tells India NSA Doval
#Ayeyarwaddy_Times