
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်
သဘောထားကွဲလွဲမှုတွေကို သွေးထွက်သံယိုဖြိုခွင်းတာ ရပ်တန့်ပြီး မတူညီသောနည်းလမ်းတစ် ရပ်နဲ့ အဖြေရှာဖို့ မြန်မာအာဏာသိမ်းစစ်ကောင်စီကို ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်က တိုက်တွန်းလိုက်ပါတယ်။
စနေနေ့က လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တော်မှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ သူက အခုလို မှတ်ချက်ပြုခဲ့တာပါ။
“မြန်မာနိုင်ငံရဲ့ အခြေအနေက အလွန်အမင်း စိုးရိမ်စရာပါ။ မြန်မာနိုင်ငံမှာ စီးပွားရေးကျဆင်းမှု၊ မတည်ငြိမ်မှု၊ မလုံခြုံမှုနဲ့ သေဆုံးမှုတွေ ကျွန်မတို့ မြင်တွေ့ရပါတယ်” လို့ ပန်နီဝေါင်က သတင်းစာရှင်း လင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
“မြန်မာ့အခြေအနေဟာ စစ်ကောင်စီနဲ့ ပြည်သူတွေအတွက် တာရှည်ခံမှာမဟုတ်ဖူးဆိုတာကို သ တင်းစကားပါးလိုတယ်” လို့ သူက ဆိုပါတယ်။
သဘောထားကွဲလွဲမှုတွေကို သွေးထွက်သံယိုဖြိုခွင်းတာ ရပ်တန့်ပြီး မတူညီသောနည်းလမ်းတစ် ရပ်နဲ့ အဖြေရှာဖို့နဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ဖော်ဆောင်ဖို့ ၎င်းက မြန်မာစစ်ကောင်စီကို တိုက် တွန်းပါတယ်။
အတိုက်အခံတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ဒေသတွင်း အဆင့်မြင့် အာဆီယံ အ စည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီကို တက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။
မြန်မာစစ်တပ်ရဲ့ သံတမန်နည်းလမ်းအရ ပြန်လည်ထိတွေ့ဆက်ဆံဖို့ အသင့်ဖြစ်မှုက အင်အား ချိနဲ့တဲ့ လက္ခဏာတစ်ခုလို့ အမည်မဖော်လိုတဲ့ အာဆီယံသံတမန်တစ်ဉီးက ဒီသီတင်းပတ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က မြန်မာစစ်ကောင်စီကို ပြင်းထန်စွာ အရေးယူဖို့ တောင်းဆိုခဲ့ပေမယ့် ထိုင်းနိုင်ငံက မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေအပြင် ထိန်းသိမ်းခံ ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြား ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း ပဋိပက္ခကြောင့် မြန်မာနိုင်ငံမှာ ပြည်သူ ၂ ဒသမ ၇ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ကိုးကား – AFP
Ref; Australia FM Wong calls on Myanmar junta to ‘take different path’
#Ayeyarwaddy_Times