ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်
ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့တွင် နယ်ထိန်းဆိုသူမှ ခိုးရာပါပစ္စည်းများကို ပိုင်ရှင်များကိုပြန်မပေးပဲ ရောင်းစားကာ ခြံ၀ယ်တိုက်ဆောက်နေကြောင်း ဒေသခံများကပြောသည်။
အသုတ်မြို့ရဲစခန်းမှ နယ်ထိန်းရဲတပ်သား အောင်သီဟ ဆိုသူဖြစ်ပြီး ဇူလိူင်လအတွင်း တပ်မဆုတ်ကျေးရွာမှ သူခိုးတစ်ဦးကို ဖမ်းမိရာမှ ဖော်ထုတ်ရရှိသည့် ပစ္စည်းများကို ပိုင်ရှင်မဲ့ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူခိုးတစ်ဦးဆီက ဆိုင်ကယ်အစီး၄၀ကျော် ရယ်၊ လယ်ယာသုံးစက်ပစ္စည်းတွေ၊ ရေတင်စက်၊ ပန့်တွေရတာကို ပိုင်ရှင်မဲ့လုပ်ပြီး ကွမ်းခြံကုန်းရွာမှာ ခြံ၀ယ်ပြီး တိုက်ဆောက်နေတာပစ္စည်းပိုင်ရှင်တွေကမကျေနပ်ကြဘူး။ သူ့ကိုခုလို နောက်ကွယ်ကစီစဥ်ပေးနေတာက ဆပ်ကွင်းကျေးရွာအုပ်စုက ထွေအုပ်စာရေးစန်စန်းဦးက လုပ်ပေးနေတာ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တိီတိုင်မ်းကိုပြောသည်။
နယ်ထိန်းတပ်သားအောင်သီဟသည်စခန်းမှုးဖြစ်သူနှင့် ပူးပေါင်းပြီး အသုတ်မြို့ အမှတ်(၁)၊ (၂) ရပ်ကွက်၊၀က်လာကျေးရွာ၊ ဆပ်ကွင်းကျေးရွာအုပ်စုများတွင် လောင်းကစားဒိုင်များကို တစ်လလျှင် လိုင်းကြေး ငါးသောင်းကျပ် တောင်းခံပြီး မပေးနိုင်သည့် ဒိုင်များကိုဖမ်းဆီးခြင်းများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
#အသုတ်မြို့ #ရဲနယ်ထိန်း #ခိုးရာပါပစ္စည်းများကို #ပိုင်ရှင်ပြန်မပေးပဲ #ရောင်းစားကာတိုက်ဆောက်နေ
#Ayeyarwaddy_Times