
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၇ ရက်
သက်ဆိုင်သူတွေကြား အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ရေး ဆောင်ရွက် ပေးဖို့ ထိုင်းနိုင်ငံက အဆင်သင့်ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီရမ်ပွန်ဆာက ပြောပါတယ်။
ပိုမို ပွင့်လင်းသော၊ အပြုသဘောဆောင်သော ဆွေးနွေးမှုတွေပြုလုပ်ရေးက မြန်မာ့အရေး ဖြေ ရှင်းရာမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်မယ်လို့ ထိုင်းနိုင်ငံက အဆိုပြုခဲ့ကြောင်း မနေ့က လာအို နိုင်ငံမှာကျင်းပတဲ့ ၅၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ၎င်းက ပြောပါ တယ်။
ဆွေးနွေးမှုမှာ အရေးပါသော သက်ဆိုင်သူတွေအားလုံး အထူးသဖြင့် မြန်မာနိုင်ငံနဲ့ နယ်နိမိတ် ချင်း ထိစပ်နေတဲ့ တိုင်းပြည်တွေနဲ့ အထူးကိုယ်စားလှယ်တွေ ပါဝင်ရမယ်လို့ သူက ဆိုပါတယ်။
ထိုင်းနိုင်ငံက မြန်မာ့အရေး တွေ့ဆုံဆွေးနွေးမှုကို အဆင်ပြေအောင်ဆောင်ရွက်ပေးဖို့ အသင့်ရှိပါ ကြောင်း၊ မြန်မာ့အရေးကို ကြားဝင်စွက်ဖက်လိုတဲ့ ရည်ရွယ်ချက်မရှိပါကြောင်း၊ မြန်မာ့အရေးကို မြန်မာ ကိုယ်တိုင် ဖြေရှင်းရမှာဖြစ်ကြောင်း ၎င်းက ဆက်ပြောပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီကလည်း မာရစ်နဲ့ တွေ့ဆုံဆွေးနွေးမှုအတွင်း မြန်မာ့အရေး ကူညီဖြေရှင်းပေးဖို့ စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။
အပြုသဘောဆောင်သော၊ လက်ဆုပ်လက်ကိုင်ပြနိုင်သော ရလဒ်တစ်ခု ထွက်စေနိုင်တဲ့ မည် သည့် ဆွေးနွေးမှုကိုမဆို ထိုင်းနိုင်ငံက အားပေးထောက်ခံတယ်လို့ မာရစ်က မာဆူဒီကို ပြောပါတယ်။
မြန်မာပဋိပက္ခက အိန္ဒိယနိုင်ငံကိုလည်း သက်ရောက်မှုရှိတာကြောင့် ထိုင်း-အိန္ဒိယ-မြန်မာ သုံး နိုင်ငံ ဆွေးနွေးမှုတွေပြုလုပ်ဖို့ ထိုင်းနိုင်ငံက အဆိုပြုကြောင်း လွန်ခဲ့သောနှစ်ပတ်က နယူးဒေလီမြို့တော် မှာကျင်းပတဲ့ ဘင်းစတက်အစည်းအဝေးမှာ မာရစ်က မာဆူဒီကို ပြောကြားခဲ့ပါတယ်။
“သက်ဆိုင်သူတွေကို ဆွေးနွေးရေးစားပွဲဝိုင်းသို့ ခေါ်ဆောင်ခြင်းအားဖြင့် ထီးတည်းဖြစ်မနေဘူး ဆိုတာ မြန်မာနိုင်ငံက သိလာမယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – Bangkok Post
Ref; Myanmar dialogue pushed
#Ayeyarwaddy_Times