ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်

ရုရှားစစ်တပ်ကို ပံ့ပိုးကူညီနေတဲ့ ကုမ္ပဏီတွေကို ဟန့်တားပေးဖို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မိုင်က တရုတ်နိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။

လာအိုနိုင်ငံမှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရဲ့ ဘေးပန်းအဖြစ် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံစဉ် အခုလို တိုက်တွန်းခဲ့တာလို့ ဗြိတိန် နိုင်ငံခြားရေးဝန် ကြီးရုံးက ပြောပါတယ်။

ဇူလိုင်လ ၄ ရက်က ဗြိတိန်ရွေးကောက်ပွဲမှာ လေဘာပါတီက အနိုင်ရရှိကာ ဒေးဗစ်လမ်မိုင် နိုင်ငံ ခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီးနောက် ၎င်းတို့နှစ်ဉီးကြား ပထမဆုံး တွေ့ဆုံမှုဖြစ်ပါတယ်။

“နိုင်ငံခြားရေးဝန်ကြီးက ဗြိတိန်ရဲ့ ယူကရိန်းအတွက် ကတိကဝတ်ကို မီးမောင်းထိုးပြခဲ့ပြီး နိုင်ငံ တကာ လုံခြုံရေးနဲ့ သာယာဝပြောရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်တဲ့ ရုရှားစစ်တပ်ကို ပံ့ပိုးကူညီနေ တဲ့ ကုမ္ပဏီတွေကို ဟန့်တားပေးဖို့ တရုတ်နိုင်ငံကို တိုက်တွန်းခဲ့ပါတယ်” လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ရုံးရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တွေ့ဆုံမှုဟာ အပြုသဘောဆောင်ခဲ့ပြီး ဒေးဗစ်လမ်မိုင်က ဗြိတိန်-တရုတ် ဆက်ဆံရေးအတွက် ရေရှည်၊ မဟာဗျူဟာမြောက် ချည်းကပ်မှုကို အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ဗြိတိန်နိုင်ငံဟာ အမျိုးသားလုံခြုံရေးအပြင် လူ့အခွင့်အရေး ပံ့ပိုးကူညီရေး ဦးစားပေးမှုမှာ အမြဲ ခိုင်မာစွာ ရပ်တည်ကြောင်း ၎င်းက ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံစလုံးဟာ အခွင့်အရေးမူဝါဒ အခြေခံမှု ထူထောင်ဖို့နဲ့ ဟန်ချက်ညီသော၊ လက်တွေ့ကျ သော သဘောထားစောင့်ထိန်းဖို့ ဝမ်ယိက ဒေးဗစ်လမ်မိုင်ကို ပြောကြားခဲ့တယ်လို့ တရုတ်နိုင်ငံရဲ့ ထုတ် ပြန်ချက်က ဆိုပါတယ်။

ကိုးကား – Reuters
Ref; UK urges China to prevent its companies supporting Russia’s military

#Ayeyarwaddy_Times