ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၇ ရက်

ဧရာဝတီတိုင်း၊ အင်္ဂပူမြိုနယ်၊ ထူးကြီးနှင့် မဲဇလီကုန်းမြို့အဝင် ကားလမ်းမပေါ်သို့ ရေကျော်နေ၍ စာသင်ကျောင်းအချို့ ယာယီ ပိတ်ထားကြောင်း ဒေသခံများထံကသိရသည်။

ဇူလိုင်လ ၂၄ ရက်နေ့မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းလာမှုကြောင့်ရေတိုးလာပြီး ယခုလို ကားလမ်းများပေါ် ရေလျှံလာခြင်းဖြစ်ကာ စာသင်ကျောင်းအချို့ကို ယာယီပိတ်လိုက်ရခြင်းဖြစ်ကြောင်း ဒေသခံများဆိုသည်။

“မိုးကလည်းဆက်တိုက်ရွာနေတော့ ဆည်ရေ၊ ချောင်းရေလျှံတာနဲ့ ရေကဝင်တော့တာပဲ ရပ်ကွက်အချို့ ​​တွေထဲလဲရေကဝင်နေတယ်၊ မိုးများတာနဲ့ ရေကလျှံတာပဲဒီတိုင်းသာရေဆက်ကြီးနေရင်မလွယ်ဘူး”ဟု မဲဇလီကုန်း ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အင်္ဂပူမြို့နယ် မဲဇလီကုန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် အတူတောင်ကျရေ၊ ဆည်ရေ ကားလမ်းပေါ်ကျော်နေသဖြင့် မဲဇလီကုန်း – အင်္ဂပူ – ဟင်္သာတ ကားလမ်းကို ယမန်နေ့ ဇူလိုင် ၂၆ နံနက်ပိုင်းကစတင်ပြီး ယာဉ်သွားလာမှုယာယီရပ်ဆိုင်းခဲ့ရကြောင်း သတင်းရရှိသည်။

မိုးရွာသွန်းမှုများပြီး မြစ်ရေလျံခြင်းနှင့် ဆည်ရေများလျော့ချနေသည့်အတွက် အဂ်ပူမြို့နယ်အတွင်းရှိ ထူးကြီး၊မဲဇလီကုန်း၊ ကွင်းကောက်နှင့် ညောင်ကျိုးမြို့များတွင် ရေကြီးရေလျှံမှုများ ကြုံတွေ့နေရကြောင်း ဒေသခံများထံကသိရသည်။

ထို့ပြင် မြစ်ရေ၊ ဆည်ရေ၊ ချောင်းရေများမြင့်တက်၍ ရေများဝင်လာမှုကြောင့် ကြံခင်းမြို့နယ်၊ မြန်အောင်မြို့နယ်၊ အင်္ဂပူမြို့နယ်၊ ဟင်္သာတမြို့နယ် စသည့် မြို့နယ်တို့တွင် ရေများနစ်မြုပ်လျက်ရှိ၍ စိုက်ပျိုးထားသည့် စပါးခင်းများလည်း ပျက်စီးလျှက်ရှိနေကြောင်း ဒေသခံများကပြောသည်။

#ထူးကြီး #မဲဇလီကုန်း​ #ကားလမ်းမပေါ်တွင်ရေကျော် #စာသင်ကျောင်း #ယာယီပိတ်
#Ayeyarwaddy_Times