ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၆ ရက်

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် ဖြစ်လာရတဲ့ အကျပ်အတည်း ဖြေရှင်းရာမှာ ဘုံသဘောတူညီ ချက် ၅ ရပ်အတိုင်း မြန်မာစစ်ကောင်စီက ထိတွေ့ဆက်ဆံလိုတဲ့ ဆန္ဒမရှိတာကို အင်ဒိုနီးရှား နိုင်ငံခြား ရေးဝန်ကြီး ရတ်နိုမာဆူဒီက ရှုတ်ချလိုက်ပါတယ်။

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးရဲ့ ဘေးပန်းအဖြစ် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပြီးတဲ့နောက် သူက အခုလို မှတ်ချက်ပြုခဲ့တာပါ။

“မြန်မာစစ်ကောင်စီက ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်မယ့် ကတိကဝတ် ပျက်ကွက်ခဲ့ တယ်လို့ ကျွန်မတို့ ရှုမြင်ပါတယ်” လို့ ၎င်းက လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

စင်ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ဟာ အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံအဖွဲ့ကြား သဘောထားကွဲလွဲ စေခဲ့တဲ့ မြန်မာစစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို ဝေဖန်ခဲ့ပါတယ်။

အာဆီယံ ဘုံသဘောတူညီချက်ကို
အကောင်အထည်ဖော်ဖို့ ပျက်ကွက်တာကြောင့် မြန်မာစစ် ကောင်စီကို ဒေသတွင်းအစည်းအဝေးတွေ တက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။

မြန်မာစစ်တပ်ရဲ့ သံတမန်နည်းလမ်းအရ ပြန်လည်ထိတွေ့ဖို့ အသင့်ဖြစ်မှုက အင်အားချိနဲ့တဲ့ လက္ခဏာတစ်ခုလို့ အမည်မဖော်လိုတဲ့ အာဆီယံ သံတမန်တစ်ဦး ပြောပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ အစည်းအဝေးကြေညာချက် ထုတ်ပြန်ရေးအတွက် မြန် မာနိုင်ငံနဲ့ပတ်သက်တဲ့ ဘုံရပ်တည်ချက်ရဖို့ ရုန်းကန်ခဲ့ရတယ်လို့ သံတမန်သတင်းရင်းမြစ်တစ်ခုက ပြော ပါတယ်။

AFP သတင်းဌာနက မြင်တွေ့ခဲ့ရတဲ့ အာဆီယံအဖွဲ့ရဲ့ ထုတ်ပြန်ချက်မူကြမ်းမှာ အာဆီယံဝန်ကြီး တွေက မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေတာကို အပြင်းအထန် ရှုတ်ချခဲ့ ပါတယ်။

ကိုးကား – AFP
Ref; Indonesia’s foreign minister slams Myanmar junta shunning of peace plan

#Ayeyarwaddy_Times