
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၆ ရက်
မိုးသန်းထန်စွာ ရွာသွန်းမှုကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေ မှတ်ထက် ၁၁ ပေ အထိကျော်လွန်နေပြီး လာမည့်တစ်ရက်အတွင်း ၂ ပေခွဲခန့်ဆက်လက် မြင့်တက်နိုင်ကာ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ ဇူလိုင် ၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်သည်။
မြဝတီမြို့ရှိ သောင်ရင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် ၃၁ ပေဖြစ်ပြီး လက်ရှိတွင် ၄၂ ပေထိ ရောက်ရှိနေသဖြင့် ၁၁ ပေ ကျော်လွန်ကာ မြို့အတွင်းရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်းသိရသည်။
လက်ရှိတွင်မြဝတီမြိုု့တွင် နှစ်ထပ်အိမ်များ၏ အောက်ထပ်အပိုင်းများရေနစ်မြှုပ်နေပြီး အချို့နေရာ များရှိ တစ်ထပ်အိမ်များသည် အိမ်ခေါင်မိုးရောက်သည့်အထိ ရေကြီးနစ်မြှုပ်နေကာ ရေနစ်မြှုပ်နေ အိမ်များမှ ဒေသခံများကို ရေဘေးလွတ်ရာရွေ့ပြောင်းနိုင်ရန်အတွက် ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်း ဒေသခံများထံက သိရသည်။
သောင်ရင်းမြစ်ကို မြန်မာနှင့် ထိုင်းနိုင်ငံ နယ်နမိတ်အတွက် သတ်မှတ်ထားပြီး နွေရာသီတွင် ရေအနက် ၄ ပေသာရှိ၍ စက်လှေများဖြင့်သာမက လူဖြင့်ပင် ကူးသန်းသွားလာနိုင်ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#သောင်ရင်းမြစ်ရေတက် #မြဝတီရေကြီးရေလျှံ #ရေဘေးကယ်ဆယ်ရေးလို #Ayeyarwaddy_Times