ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၆ ရက်

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် မဲဇလီကုန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူတောင်ကျရေသည် ကားလမ်းပေါ်ကျော်နေသဖြင့် မဲဇလီကုန်း – အင်္ဂပူ – ဟင်္သာတ ကားလမ်းကို ယနေ့ (ဇူလိုင် ၂၆)နံနက်ပိုင်းကစပြီး ယာဉ်သွားလာမှုယာယီရပ်တန့်ထားရကြောင်း သတင်းရရှိသည်။

မဲဇလီကုန်းမြို့နယ်၌ ဇူလိုင်လ ၂၄ ရက်နေ့မှ ဇူလိုင်လ ၂၅ ရက်နေ့အထိ မိုးသည်းထန်းစွာရွာသွန်းခဲ့ကာ တောင်ကျရေအဆမတန်ကျဆင်းခဲ့၍ မဲဇလီကုန်း – အဂ်ပူ – ဟသ်ာတ ကားလမ်းမပေါ်ရေကျော်နေမှုကြောင့် ယာဉ်သွားလာမှုယာယီရပ်တန့်ခဲ့ရကြောင်း မဲဇလီ-ဟင်္သာတအဝေးပြေးယာဉ်လိုင်းပြေးဆွဲနေသူများထံကသိရသည်

“ မိုးကဆက်တိုက်ရွာနေတာ။ တောင်ကျရေစီးတာကြမ်းသွားတာကနေ ကားလမ်းပေါ်ကိုပါရေကျော်ကုန်တာပေါ့။ အခုညနေအထိကို ယာဉ်သွားဖို့အဆင်မပြေတော့လို့ ကားလိုင်းတွေခဏရပ်ထားရတယ်။ အမြင့်ပိုင်းကားတွေကတော့အရဲစွန့်ပြီးသွားကြတာတော့ရှိနေတယ်”ဟု မဲဇလီ-ဟင်္သာတအဝေးပြေးယာဉ်လိုင်းပြေးဆွဲနေသူတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ကားလမ်းရေကျော်နေမှုအပေါ် စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများမှ လာရောက်ကူညီဆောင်ရွက်ပေးမှုများမရှိသည့်အတွက် ဒေသခံများမှအပြန်အလှန် သတိပေးလုပ်ဆောင်နေရကြောင်းမြို့ခံများထံကသိရသည်။

“ ကားလမ်းမရေကျော်နေတာမြို့ထဲကမီးသတ်တွေကြက်ခြေနီတွေ တစ်ယာက်မှမလာကြဘူး။ သတိပေးတာလည်းမရှိလို့ကိုယ့်ထူကိုယ်ထပဲ သတိပေးနေရတယ်။ အခုထိတော့ရေကကျနေတုန်းပဲ။ မနက်ကျရင်တော့လမ်းပြန်သွားရမရမပြောတတ်သေးဘူး”ဟု မဲဇလီကုန်းမြို့ခံတစ်ဦးကဆိုသည်။

အလားတူ အဂ်ပူမြို့နယ် ကွင်းကောက်မြို့ တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေ ကျဆင်းလာကာ အင်္ဂပူ – ကွင်းကောက်- ဟင်္သာတကားလမ်းမပိုင်း၌ကားလမ်းမ ရေကျော်မှုကြောင့် ပြီးခဲ့သည့်ဇူလိုင်လ ၂၄ရက်နေ့ကစ၍ယာဉ်သွားလာမှုယာယီရပ်တန့်ထားရသည်။ ထို့အပြင် မြို့တွင်းရှိအ.ထ.က(ကွင်းကောက်)စာသင်ကျောင်းအပါအဝင် ရပ်ကွက်နေရာအနှံ့ရေကြီးမှုဖြစ်စဉ်ဖြင့်ကြုံတွေ့နေရကြောင်း မြို့ခံများထံကသိရသည်။

ပုံစာ-မဲဇလီကုန်းမြို့၌မိုးသည်းထန်စွာရွာသွန်းကာတောင်ကျရေကျဆင်းမှုကြောင့်ယနေ့ (ဇူလိုမဲဇလီကုန်း – အင်္ဂပူ – ဟင်္သာတ ကားလမ်းမပေါ်ရေကျော်နေစဉ်။

ဓာတ်ပုံ- ပေးပို့
#မဲဇလီကုန်း #ကားလမ်းပေါ်ရေကျော်နေ #မဲဇလီကုန်း #အင်္ဂပူ #ဟင်္သာတ #ကားလမ်းအသုံးပြုခွင့် #ယာယီပိတ်ထား #Ayeyarwaddy_Times