
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၆ ရက်
တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံအချို့ ပါဝင်ဖွဲ့စည်းထားသည့် ဘင်းစတက် (BIMSTEC) အမျိုးသားလုံခြုံရေးဆိုင်ရာအစည်အဝေးကို စစ်ကောင်စီက နေပြည်တော်တွင် လက်ခံကျင်းပမည် ဖြစ်ကြောင်း သိရသည်။
BIMSTEC အဖွဲ့ဝင်များမှ အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများနှင့် ဘမ်းစတက်အတွင်းရေး မှူးချုပ်တို့သည် ယမန်ျနေ့ ဇူလိုင် ၂၅ ရက်နေ့က နေပြည်တော်သို့ ရောက်ရှိပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေဆုံကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။
မကြာသေးခင်က ယာယီသမ္မတရာထူး ယူထားသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုတွေဆုံပွဲတွင် စစ်ကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်ရာထူးဖြင့် တွေ့ဆုံကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
ယခုတွေ့ဆုံပွဲကို ဘင်္ဂလားပင်လယ်အော်ဒေသ စီးပွားရေးနှင့်နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ အစည်း (BIMSTC) အဖွဲ့ဝင်နိုင်ငံများထဲမှာ အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ သီရိလင်္ကာ နှင့် ထိုင်းနိုင်ငံတို့မှ အကြီးအကဲများတက်ရောက်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံရာတွင် အဖွဲ့ဝင် နိုင်ငံများအချင်းချင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အကြမ်းဖက်မှုနှိမ်နင်းရေး၊ လူကုန်ကူးမှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အနေ အခြေ အနေများကိုဆွေးနွေးခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ လူမှုရေး ဆိုင်ရာလိုအပ်ချက်များအပါအဝင် ဆက်သွယ်ရေးဆိုင်ရာ ကဏ္ဍာများကို ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
စစ်ခေါင်းဆောင်သည် သံတမန်များနှင့်တွေ့ဆုံတိုင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် တိုးတက်ပြောင်းလဲလာမှုအခြေအနေများအပါအဝင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပမည့် အကြောင်းကို ထည့်သွင်းပြောကြားလေ့ရှိသည်။
လာမည့် စက်တင်ဘာ ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ခြောက်ကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းဝေးကို ကျင်းပမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ၏ ကြေညာအရသိရသည်။
BIMSTEC အဖွဲ့အစည်းတွင် ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (BIMSTEC) တွင် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံပါဝင်ပြီး ၂၀၂၄ ခုနှစ် ဇွန် ၆ ရက်တွင်တည်ထောင်မှု ၂၇ နှစ်ပြည့်ပြီဖြစ်သည်။
ဓာတ်ပုံ – MOI
#BIMSTEC #ဘင်းစတက် #နေပြည်တော် #လုံခြုံရေးအစည်းဝေးကျင်းပ #Ayeyarwaddy_Times