ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်

မြန်မာစစ်ကောင်စီရဲ့ စစ်လက်နက်ဝယ်ယူမှုနဲ့ပတ်သက်တဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို ထိုင်း ဘဏ်တွေက ဆောင်ရွက်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှုတိုက် ဖျက်ရေးရုံးတို့က စုံစမ်းစစ်ဆေးမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

မြန်မာစစ်ကောင်စီဟာ ၂၀၂၄ ခုနှစ် မတ်လအထိ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေမှ တစ်ဆင့် ဒေါ်လာ သန်း ၁၃၀ နီးပါးတန်ကြေးရှိ စစ်လက်နက်တွေ ဝယ်ယူခဲ့တယ်လို့ ကုလသမဂ္ဂ ကျွမ်း ကျင်သူတစ်ဦးရဲ့ ပြီးခဲ့တဲ့လ အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။

ထိုင်းနိုင်ငံရှိ ဘဏ် ၅ ခုဟာ ငွေကြေးလွှဲပြောင်းမှုတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင် ရာ လူ့အခွင့်အရေး အစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးက ပြောပါတယ်။

အစိုးရနဲ့ ဘဏ်လုပ်ငန်း တာဝန်ရှိသူတွေဟာ မြန်မာစစ်ကောင်စီရဲ့ စစ်လက်နက်ဝယ်ယူမှုနဲ့ပတ် သက်တဲ့ ငွေကြေးလွှဲပြောင်းမှုကိစ္စရပ်တွေကို ယမန်နေ့က ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒက်ဂျ်ဘာလန်ကူရာက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံးတို့က ငွေကြေးလွှဲပြောင်းမှုတွေကို စုံစမ်းစစ် ဆေးဖို့ အထူးလုပ်ငန်းအဖွဲ့တစ်ခု ပူးတွဲ ထူထောင်မယ်လို့ သူက ဆိုပါတယ်။

မြန်မာစစ်ကောင်စီရဲ့ စစ်လက်နက်ဝယ်ယူမှုနဲ့ပတ်သက်တဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို စုံစမ်း စစ်ဆေးမယ့် အချိန်ကာလကိုတော့ ၎င်းက အသေးစိတ်မပြောကြားပါဘူး။

ကိုးကား – AFP
Ref; Thai central bank to investigate Myanmar weapons payments

#Ayeyarwaddy_Times