
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၀ ရက်
တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုက ထိုင်ဝမ်ကိုကျူးကျော်ဖို့ ပြင်ဆင်နေတာကို ပြသနေတာဖြစ်တယ်လို့ ထိုင် ဝမ် ထိပ်တန်းသံတမန်တစ်ဦးက ပြောကြားလိုက်ပေမယ့် တရုတ်က ထိုင်ဝမ်ကို ချက်ချင်း ကျူးကျော်မှာမဟုတ်ဖူး လို့ အမေရိကန် တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ ပြီးခဲ့တဲ့အပတ်အတွင်း ထိုင်ဝမ်ခရီးစဉ်ပြီးနောက် တ ရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုအပေါ် အစိုးရရဲ့ရပ်တည်ချက်ကို သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ထိုင်ဝမ် နိုင်ငံခြား ရေးဝန်ကြီး ဂျိုးဇက်ဝူက ပြောကြားခဲ့တာပါ။
“တရုတ်နိုင်ငံက ထိုင်ဝမ်ကိုကျူးကျော်တိုက်ခိုက်ဖို့အတွက် ကြိုတင်ပြင်ဆင်ဖို့ စစ်ရေးလေ့ကျင့်ခဲ့တာ ဖြစ် ပါတယ်” လို့ ဂျိုးဇက်ဝူက ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုနောက်ကွယ် ရည်ရွယ်ချက်အမှန်က ထိုင်ဝမ်ရေလက်ကြားနဲ့ ဒေသတွင်း မှာ ရှိယင်းစွဲအခြေအနေကို ပြောင်းလဲဖို့ဖြစ်ပါတယ်” လို့ ၄င်းက သတိပေးလိုက်ပါတယ်။
နန်စီပလိုစီ ထိုင်ဝမ်ကျွန်းမှ ထွက်ခွာသွားပြီးနောက် တရုတ်နိုင်ငံက လေကြောင်းနဲ့ ရေတပ်ဆိုင်ရာ လေ့ ကျင့်မှုတွေကို လေးရက်ကြာပြုလုပ်ခြင်းအားဖြင့် ထိုင်ဝမ်အပေါ် စစ်ရေးဖိအား ပေးနေပါတယ်။
တောင်တရုတ်ပင်လယ်၊ ပင်လယ်ဝါနဲ့ ဘိုဟိုင်းပင်လယ်ပြင်မှာ နောက်လအထိ စစ်ရေးလေ့ကျင့်မှုတွေ ဆက်တိုက်ပြုလုပ်မယ်လို့ တရုတ်နိုင်ငံက ကြေညာခဲ့ပါတယ်။
တရုတ်စစ်တပ်က သြဂုတ်လ ၈ ရက်မှာ ထိုင်ဝမ်ကျွန်းဝန်းကျင်ရှိ ရေပိုင်နက်အတွင်း ရေတပ်ဆိုင်ရာ လေ့ ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားဝန်းကျင်သို့ စစ်သင်္ဘော ၁၃ စင်းနဲ့ ဂျက်တိုက်လေယာဉ် ၃၉ စင်း စေလွှတ်ခဲ့ပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်ကို လာမယ့်နှစ်နှစ်အတွင်း စစ်ရေးအရ သိမ်းပိုက်မှာမဟုတ်ဖူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး ကောလင်းခါးက ပြောပါတယ်။
ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ပတ်သက်လို့ မစိုးရိမ်ဘူးလို့ အမေရိ ကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့ပါတယ်။
ကိုးကား – RFA
Ref; Taiwan says China planning invasion, but US says it’s not imminent