
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၀ ရက်
ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်များကို ရိက္ခာဖြည့်တင်းဖို့ကြိုးစားနေသည့် စစ်ကောင်စီတပ်အား သြဂုတ်လ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ ၁၀ ရက်တာအတွင်း KNDF B09 မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း KNDF B09 မှ သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း KNDF B09ဘက်မှ ဝေဟင်ရော မြေပြင်မှာပါ ပြည်သူများလှူဒါန်းထားတဲ့ လက်နက်များကို ထိရောက်စွာ အသုံးပြုနိုင်ခဲ့ပြီး KNDF B09 ဘက်မှ ၃ ဦး ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရသည်။
နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဥ် စစ်ကောင်စီဘက်မှ ကျန်ရှိခဲ့သော လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း KNDF B09 က သတင်းထုတ်ပြန်ထားသည်။