
မင်းမြတ်မောင်/ဧရာဝတီတိုင်းမ်
(ပုသိမ်)၊ ဩဂုတ်လ ၁၀ ရက်
ဧရာဝတီတိုင်းမ်သတင်းဌာနရဲ့ အယ်ဒီတာဟောင်း တစ်ဦးဖြစ်တဲ့ ကိုမျိုးမင်းထွန်းကို စစ်ကောင်စီက ဩဂုတ်လ ၁၀ ရက်နေ့က ထောင်ဒဏ် ၂ နှစ်ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ကိုမျိုးမင်းထွန်းကို စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၂ ရက်နေ့က နေ့အိမ်မှာဝင်ရောက်ဖမ်းဆီးသွား ပြီး ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲထောင်ချခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“သူ့ကို စစ်တပ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ သတင်းယူပြီး တည်းဖြတ်ဖော်ပြတယ် ပြီးတော့ CDM ဝန်ထမ်းတွေနဲ့ စကား ပြောဆိုတာတွေ မှတ်တမ်းတွေ့ရတယ်ဆိုပြီး ထောင် ၂ နှစ်ချလိုက်တာ”လို့ မိသားစုနဲ့နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီရဲ့ထောင်ဒဏ် ၂ နှစ်ပြစ်ဒဏ်ချမှတ်တာကို ခံခဲ့ရတဲ့ ဧရာဝတီတိုင်းမ်သတင်းဌာနရဲ့ အယ်ဒီတာ တဦးဖြစ်တဲ့ ကိုမျိုးမင်းထွန်းဟာ ထောင်ထဲမှာ ကျန်းမာရေးကောင်မွန်စွာနဲ့ရှိနေတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်းကိုလည်း စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါသေးတယ်။