ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၀ ရက်

ဒေသန္တရ စစ်ဘက်ကွပ်ကဲမှုဌာနချုပ်မှာ အဆင့်မြင့်တာဝန်ထမ်းဆောင်ခဲ့ပြီး ဂျပန်နိုင်ငံမှာ စစ်သင်တန်း တက်ရောက်ခဲ့တဲ့ မြန်မာစစ်ဗိုလ်ချုပ်တစ်ဦးဟာ တိုင်းရင်းသားတွေရဲ့ ဧရိယာတွေမှာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောကြားလိုက်ပါတယ်။

၂၀၂၁ ခုနှစ် သြဂုတ်လမှ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ ဗိုလ်မှူးချုပ် တင်စိုးဟာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် မှာ အခြေစိုက်ခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်က စစ်ဆင်ရေးတွေကို ကြီးကြပ်ကာ ၄င်းရဲ့တပ်ဖွဲ့ တွေက အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာနဲ့ အခြား ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာ ဝန်ရှိခဲ့ပါတယ်။

ဂျပန်အစိုးရက မြန်မာနိုင်ငံနဲ့ လေ့ကျင့်ရေးအစီအစဉ်ပေးတာ ချက်ချင်း ရပ်တန့်သင့်ပြီး ဂျပန်နိုင်ငံမှာ စစ် သင်တန်းတက်ရောက်ခဲ့သူတွေက ဥပဒေချိုးဖောက်တဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ခြင်းရှိ မရှိ စုံစမ်းသင့်တယ်လို့ HRW က ပြောပါတယ်။

“ဂျပန်နိုင်ငံမှာ စစ်သင်တန်းတက်ရောက်ခဲ့တဲ့ မြန်မာစစ်ဘက်အရာရှိတွေက စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ ပဋိပက္ခဒေသတွေမှာ တာဝန်ထမ်းဆောင်နေပါတယ်။ ဂျပန်အစိုးရက မီးနဲ့က စားတာကို ရပ်တန့်သင့်ပြီး မြန်မာစစ်တပ်ကို ပံ့ပိုးပေးနေတာကို ချက်ချင်း အဆုံးသတ်သင့်ပါတယ်” လို့ HRW ရဲ့ အာရှဒေသဆိုင်ရာ အစီအစဉ်အရာရှိ တက်ပီကာဆိုင်းက ပြောပါတယ်။

ဗိုလ်မှူးကြီး တင်စိုးဟာ ၂၀၁၆ ခုနှစ် သြဂုတ်လမှ ၂၀၁၇ ခုနှစ် မတ်လအထိ ဂျပန်မြေပြင် ကိုယ်ပိုင်ကာ ကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးကောလိပ်မှာ သင်တန်းတက်ရောက်ခဲ့ပါတယ်။ ဗိုလ်မှူးကြီး တင်စိုးဟာ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဂျပန်နိုင်ငံရှိ မြန်မာသံရုံးမှာ စစ်သံမှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားပြီးတဲ့နောက် တင်စိုးဟာ ဂျပန် နိုင်ငံမှ ထွက်ခွာခဲ့ပြီး ဗိုလ်မှူးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ် သြဂုတ်လမှာ သူ့ကို ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တာဝန်ပေးအပ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ နေပြည်တော်သို့ ရွှေ့ပြောင်းခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ စစ်ဌာနချုပ် ၁၄ ခုအနက် တစ်ခုဖြစ်တဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ အာဏာသိမ်း ပြီးတဲ့နောက် တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်ရှိ ခြေလျင်တပ်ရင်း ၄၀ ကျော်ကို ထိန်းချုပ်ထားပါတယ်။

မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ဖရူဆိုမြို့နယ်အတွင်း ကလေးငယ်လေးဦးနဲ့ Save the Children မှ ဝန်ထမ်းနှစ်ဦး အပါအဝင် အရပ်သား ၃၉ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

ကယားပြည်နယ်က အရပ်သား တွေကို သတ်ဖြတ်မှုအတွက် ဥရောပသမဂ္ဂက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်ကို ဒဏ်ခတ်အရေးယူခဲ့ပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို ကွပ်ကဲရတဲ့ အမှတ် ၂ စစ်ဆင်ရေးအထူးအဖွဲ့ မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးကိုလည်း ဒဏ်ခတ်အရေးယူခဲ့ပါတယ်။

၂၀၁၅ ခုနှစ်ကတည်းက ဂျပန်အစိုးရဟာ မြန်မာနိုင်ငံက ဗိုလ်လောင်းတွေနဲ့ စစ်ဘက်အရာရှိတွေကို လက်ခံခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်လောင်းလေးဦးနဲ့ စစ်ဘက်အရာရှိလေးဦးကို သင်တန်း ပေးခဲ့ပါတယ်။

ကိုးကား – HRW
Ref; Myanmar: Japan-Trained General Linked to Abusive Forces