ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၀ ရက်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၊ အမှတ် ၂ ရပ်တွင် စခန်းချထားတာသည့် စစ်ကောင်စီ တပ်စခန်းကို ချင်းပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော CNDF / PDF – Zoland / CDM – Siyin / MEDF ပူပေါင်းကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်ပစ်ခတ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အဆ်ိုပါတိုက်ပွဲသည် ယနေ့ သြဂုတ်လ ၁၀ ရက်နေ့နံနက် အစောပိုင်း ၂ နာရီမှ ၅ နာရီထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူး ဒု – ဗိုလ်ကြီး ဝေမျိုးပိုင် အပါအဝင် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့တယ်လို့ CNDF / PDF – Zoland / CDM – Siyin / MEDF အဖွဲ့ကထုတ်ပြန်သည်။

၎င်း တိုက်ပွဲတွင် စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ဒေသပူပေါင်းကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ဒဏ်ရာရှိသော်လဲ မစိုးရိမ်ရကြောင်း CNDF / PDF – Zoland / CDM – Siyin / MEDF အဖွဲ့ကထုတ်ပြန်သည်။