ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ ရက်

သမ္မတရွေးကောက်ပွဲမှ နှုတ်ထွက်ဖို့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ယနေ့ အမေရိကန်လူထုသို့ မိန့် ခွန်းတစ်ရပ် ပြောကြားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

“အမေရိကန်ပြည်သူတွေအတွက် ကျွန်တော် ဘာကြောင့် သမ္မတရွေးကောက်ပွဲကနေ နှုတ်ထွက် ခဲ့တယ်ဆိုတာကို ဘဲဉပုံခန်းမမှ နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမှာဖြစ်ပါတယ်” လို့ ၎င်းက လူမှု ကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ဂျိုးဘိုင်ဒင်ဟာ ဇူလိုင်လ ၁၇ ရက်က ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရပြီးနောက် ဒီလာဝဲလ်မြို့ ရှိ သူ့ရဲ့အပန်းဖြေအိမ်မှာ သီးခြားနေထိုင်လျက်ရှိပါတယ်။

သူက ရောဂါလက္ခဏာတွေ သက်သာလာတာကြောင့် မနေ့က အိမ်ဖြူတော်သို့ ပြန်လာခဲ့တယ် လို့ သူ့ရဲ့ဆရာဝန်ဖြစ်သူက ပြောပါတယ်။

ဂျိုးဘိုင်ဒင်ဟာ မနေ့က ဝါရှင်တန်ဒီစီမြို့တော်အနီးရှိ လေတပ်အခြေစိုက်စခန်းတစ်ခုမှာ သတင်း ထောက်တွေကို စကားပြောဆိုခဲ့ပါတယ်။

အမေရိကန်ပြည်သူကို ဘာသတင်းစကားပါးချင်သလဲလို့ သတင်းထောက်တွေက မေးမြန်းရာမှာ “စောင့်ကြည့်ပြီး နားထောင်ပါ” လို့ ဂျိုးဘိုင်ဒင်က ဖြေကြားခဲ့ပါတယ်။

ကိုးကား – NHK
Ref; Biden says he will address US public on Wednesday on his withdrawal from race

#Ayeyarwaddy_Times