
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ ရက်
ဒီသီတင်းပတ်နှောင်းပိုင်းအတွင်း လာအိုနိုင်ငံမှာကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ဖို့ မြန်မာစစ်ကောင်စီက အကြီးတန်း အရာရှိတစ်ဦးစေလွှတ်မယ်လို့ သံ တမန်သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဇန်နဝါရီလအတွင်းက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ မတ်လအတွင်း အာ ဆီယံ ကာကွယ်ရေးဝန်ကြီး အစည်းအဝေးပြီးနောက် လက်ရှိ အာဆီယံအဖွဲ့ဥက္ကဌ လာအိုနိုင်ငံမှာပြုလုပ် မယ့် ဒေသတွင်းအစည်းအဝေးမှာ မြန်မာစစ်ကောင်စီရဲ့ အကြီးတန်း တာဝန်ရှိသူတစ်ဉီး တတိယအကြိမ် ဆက်တိုက် တက်ရောက်မှုဖြစ်လာမယ်လို့ သိရပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဒေသတွင်းအစည်းအဝေးတွေမှာ မြန်မာနိုင်ငံမှ နိုင်ငံရေးကိုယ်စား လှယ်မဟုတ်သူကိုသာ တက်ရောက်ခွင့်ပြုဖို့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာ ဆုံးဖြတ်ခဲ့ပြီးနောက် အာ ဏာသိမ်းမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်ကောင်စီက အာဆီ ယံ ဝန်ကြီးအဆင့် အစည်းအဝေးတွေကို သပိတ်မှောက်ခဲ့ပါတယ်။
ကြာသပတေးနေ့ကျရင် ဗီယန်ကျင်းမြို့တော်မှာကျင်းပမယ့် အစည်းအဝေးကိုတက်ရောက်မယ့် မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘ လင်ကန် တက်ရောက်မယ့် အာဆီယံ ဒေသဆိုင်ရာဖိုရမ် အပါအဝင် မိတ်ဖက်နိုင်ငံတွေနဲ့ ဆွေးနွေးမှုကို တက်ရောက်မှု ရှိ မရှိ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း မြန်မာစစ်ကောင်စီနဲ့ အာဆီယံအဖွဲ့ ဝင်တွေကြား သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ဖို့ ဆက်လက်ကြိုးပမ်းမှာဖြစ်သ လို စစ်တပ်နဲ့ အတိုက်အခံအင်အားစုတွေကြား ပဋိပက္ခကို အဓိကထား ဆွေးနွေးမယ်လို့ မျှော်မှန်းရပါ တယ်။
ဆွေးနွေးမှုအတွင်း မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရာမှာ မိတ်ဖက်နိုင်ငံ တွေ ပိုမိုပါဝင်ဖို့ အာဆီယံအဖွဲ့က ကြိုးပမ်းမယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြည်သူ ၃ သန်း အိုးအိမ်စွန့်ခွာခဲ့ရပြီး ပဋိပက္ခတွေကြောင့် လူသားချင်းစာနာမှု အကူအညီ လိုအပ်သူ ၁၈ ဒသမ ၆ သန်း ရှိတယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ သိရပါတယ်။
မြန်မာ့အရေးအပြင် အာဆီယံနိုင်ငံတွေမှ ပြည်သူတွေ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ ဂါဇာ ကမ်းမြောင်ဒေသမှ အစ္စရေးရဲ့ ဟားမာစ်အဖွဲ့အပေါ် စစ်ပွဲဆင်နွှဲမှုကိုလည်း အာဆီယံနိုင်ငံခြားရေးဝန် ကြီးတွေက ဆွေးနွေးကြမှာဖြစ်ပါတယ်။
ဒါ့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့နဲ့ တရုတ်ကြား ပိုင်နက်နယ်မြေ အငြင်းပွားနေတဲ့ တောင် တရုတ်ပင်လယ်အရေးကို အစည်းအဝေးမှာ ဆွေးနွေးကြဖို့ မျှော်မှန်းရပါတယ်။
ကိုးကား – Bangkok Post
Ref; Myanmar to send senior official to ASEAN meeting in Laos
#Ayeyarwaddy_Times