ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ ရက်

မြန်မာစစ်တပ်ရဲ့ ထောင်ဒဏ် ၆ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အ သင်းတော် (KBC) ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် လွတ်မြောက်လာတာကို အမေရိကန်နိုင်ငံက ကြိုဆိုလိုက်ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ဘာသာရေး သို့မဟုတ် ကိုးကွယ်မှု လွတ်လပ်ခွင့်ရရေး သတ္တိရှိရှိ လုပ်ဆောင်နေတဲ့ ထင်ရှားသော အများလေးစားခံရတဲ့ ဘာသာရေးခေါင်းဆောင်ဖြစ်ပါတယ်။

နောက်ဆုံးမှာ မိသားစုရှိရာ အိမ်ပြန်နိုင်ပြီး အရေးပါသော လုပ်ရပ်တွေ ဆက်လက်လုပ်ဆောင် နိုင်တဲ့အတွက် ဝမ်းမြောက်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၃ ရက်မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

မြန်မာနိုင်ငံရှိ ဘာသာရေးခေါင်းဆောင်တွေ၊ အသိုင်းအဝိုင်းတွေ၊ ဝတ်ပြုဆုတောင်းရာနေရာတွေ နဲ့ နေအိမ်တွေကို နှိပ်ကွက်တာနဲ့ အကြမ်းဖက်တာ အဆုံးသတ်ဖို့ မြန်မာစစ်ကောင်စီကို အမေရိကန်နိုင်ငံ က ထပ်လောင်းတောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်ကောင်စီဟာ နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ တာဝန်ရှိသူတွေ၊ လူ့အခွင့်အရေး ကာကွယ်သူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းမှ အဖွဲ့ဝင်တွေကို ဆက်လက် အကျဉ်းချနေ တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

မတရား ထိန်းသိမ်းခံထားရသူတွေကို ချက်ချင်း လွှတ်ပေးဖို့၊ အရပ်သားတွေအပေါ် အကြမ်းဖက် တာတွေ ရပ်ဆိုင်းဖို့၊ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ခွင့်ပြုဖို့နဲ့ အားလုံးပါဝင်သော၊ ကိုယ်စားပြု သော ဒီမိုကရေစီအတွက် မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်တွေကို လေးစားသမှုရှိဖို့ အမေရိကန်နိုင်ငံ က မြန်မာစစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

ကိုးကား – https://www.state.gov
Ref; Welcoming the Release of Reverend Samson in Burma

#Ayeyarwaddy_Times