ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်

လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တော်မှာပြုလုပ်မယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအ ဝေးမှာ မြန်မာနိုင်ငံမှ နိုင်ငံရေး ကိုယ်စားမပြုသူကို ဖိတ်ကြားဖို့ အမေရိကန်နိုင်ငံက ထောက်ခံတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိပ်တန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ မြန်မာ့အရေး ဆွေးနွေးဖို့ အပါအဝင် အာဆီယံ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ ဗုဒ္ဓဟူးနေ့မှာ အာရှတိုက်သို့ သွားရောက်မယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံက မြန်မာ ဒီမိုကရေစီ အတိုက်အခံအင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံမှု ဆက် လက်ပြုလုပ်မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အစည်းအဝေးတွေမှာ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တစ်ဉီး တက်ရောက်ခွင့်ရမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ်ခ ရစ်တန်ဘရင့်က ပြောပါတယ်။

“အာဆီယံ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံရဲ့ကိုယ်စားပြုမှုကို နိုင်ငံရေးမဟုတ်တဲ့အဆင့်ထိ လျော့ချသင့်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်” လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်က မြန်မာအရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ်နဲ့ အခြား တာဝန်ရှိသူတွေထံ ပေးပို့ခဲ့တဲ့ စာတစ်စောင်ကို ထောက်ခံ ခဲ့ပါတယ်။

အဆိုပါစာက မြန်မာစစ်ကောင်စီအဖွဲ့ဝင်တွေကို အာဆီယံအစည်းအဝေးတွေမှာ တက်ရောက် ခွင့်မပြုဖို့နဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင်တွေကို ကိုယ်စားပြုခွင့်ပေးဖို့ အာဆီယံအဖွဲ့ ကို တိုက်တွန်းခဲ့ပါတယ်။

“ကျွန်တော်တို့ မြန်မာပြည်တွင်းနဲ့ပြည်ပက ဒီမိုကရေစီအင်အားစုတွေ၊ ဆက်စပ်အုပ်စုတွေနဲ့ အချိန်ပေးပြီး ထိတွေ့ဆက်ဆံမှုပြုလုပ်ခဲ့ပြီး ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို ရှေ့ဆက်လုပ်ဆောင်မှာ ဖြစ်ပါတယ်” လို့ ဒန်နီရယ်ခရစ်တန်ဘရင့်က ပြောပါတယ်။

စစ်ကောင်စီခေါင်းဆောင်တွေရဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်ရာမှာ လိုအပ်တဲ့ ငွေ ကြေးရရှိနိုင်စွမ်းကို ဖြတ်တောက်မယ့် မကြုံစဖူး ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ အခြားအစီအမံတွေ အမေရိကန် နိုင်ငံက အကောင်အထည်ဖော်ဆောင်မယ်လို့ ၎င်းက ဆိုပါတယ်။

မြန်မာ့အကျပ်အတည်း အဆုံးသတ်ဖို့ရည်ရွယ်တဲ့ အာဆီယံအဖွဲ့ရဲ့ ဘုံသဘောတူညီချက် ၅ ရပ် ကို အမေရိကန်နိုင်ငံက အပြင်းအထန် ထောက်ခံတယ်လို့ သူက ဆက်ပြောပါတယ်။

အမေရိကန်နိုင်ငံနဲ့ အာဆီယံအဖွဲ့ရဲ့ ကတိကဝတ်တွေရှိလင့်ကစား မြန်မာပဋိပက္ခနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ကြား သဘောထားကွဲလွဲမှုတွေ ရှိခဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

“လာအိုနဲ့ ကမ္ဘောဒီးယားလိုမျိုး အာဆီယံအဖွဲ့ဝင် အာဏာရှင်အစိုးရတွေဟာ မြန်မာစစ်ကောင်စီ နဲ့ ပူးပေါင်းဆောင်ရွက်နေဆဲဖြစ်ပါတယ်” လို့ အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု့မှ အကြီးတန်းအကြံ ပေး ပရက်စီလာကလပ်က ပြောပါတယ်။

“မြန်မာနိုင်ငံက မြေပြင်မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို ဘယ်အာဆီယံအဖွဲ့ဝင်နိုင်ငံကမှ အမှန်တစ်ကယ် နားမလည်ဘူးလို့ ပြောရပါမယ်” လို့ ၎င်းက အင်တာဗျူးတစ်ခုအတွင်း ပြောပါတယ်။

ကိုးကား – VOA
Ref; US supports non-political representation by Myanmar at ASEAN

#Ayeyarwaddy_Times